Happy Birthday Tin

123 10 6
                                    

Zawgyi

တက္ကသိုလ်ဘောလုံးပွဲရာသီပြန်နီးကပ်လာပြီဖြစ်တာကြောင့် မေဂျာတိုင်းလိုလိုက ဘောလုံးကွင်းထဲတွင်စုပေါင်းပြီးအတူတူလေ့ကျင့်နေကြသည်။ပြိုင်ပွဲနေ့သာ သူ့အသင်းငါ့အသင်းခွဲလေ့ရှိပေမယ့် ခုလိုမေဂျာပေါင်းစုံ တူတူလေ့ကျင့်ရသည့်အချိန်မျိုးဆို အကုန်လုံးက သူငယ်ချင်းအရင်းကြီးတွေစုနေသလိုကို ပျော်စရာကောင်းလှပေသည်။

"Aeeeee"

အော်သံနဲ့အတူ Ae ထိုင်ကာအနားယူနေတဲ့အနားသို့ရောက်လာသော Can ကိုတစ်ချက်စိုက်ကြည့်လိုက်သည်။

"Ae မင်းနားနေတာလား ငါလဲပင်ပန်းတယ် နည်းပြကတအားမောင်းတာဘဲ ဒါနဲ့ ဒါပြီးရင်ဘယ်သွားကြမလဲ ငါတော့
တော်တော်ဗိုက်ဆာနေပြီ ပြီးရင် ငါနဲ့ မုန့်ဈေးတန်းတွေဘက် လိုက်ခဲ့ပေးပါလား"

Ae တစ်ချက်ရီမိသွားသည်။၃ နှစ်ရှိသွားပြီဆိုပေမယ့် Can ကတော့အမြဲတမ်း ဒီပုံစံအတိုင်းပင်။

"မင်းစကားပြောရင် အသက်ရှူပါအုန်း"

Ae ထိုသို့ပြောတော့ မျက်မှောင်လေးကျုံ့ကာ နှုတ်ခမ်းလေးကစူထွက်လာသည်။

"Ae ရာ မင်းငါ့ကိုအဲ့လိုပြောနေတာ ၃ နှစ်ရှိပြီ မငြီးငွေ့သေးဘူးလား"

"မင်းကလဲ ဘယ်တော့မှပြောင်းလဲတာမှမဟုတ်တာ လူကသာ ရည်းစားရပြီး တတိယနှစ်ကျောင်းသားဖြစ်လာတယ် အဲ့ကလေးဆန်တဲ့အကျင့်တွေကမပျောက်သေးဘူး ဂျူနီယာတွေမင်းကိုမလေးစားဘဲနေမယ်နော်"

"ဖြစ်စရာလား ဂျူနီယာလေးတွေက P'Can P'Can နဲ့ငါ့ဆိုအရမ်းချစ်တာ မုန့်တွေတောင်ဝယ်ကျွေးသေးတယ်"

"အေး ငါပြောတာလဲအဲ့တာဘဲ မင်းကလေးတွေဆီကတောင် မုန့်ပြန်စားစရာလား မင်းကကျွေးရမှာလေ P'No တုန်းက
မင်းကိုဘယ်လိုဂရုစိုက်ခဲ့လဲ"

ထိုစကားကြားတော့ Can မျက်နှာလေးတည်ကာ ငြိမ်ကျသွားသည်။Ae မေ့ပြီးလွှတ်ခနဲထွက်သွားမိလိုက်တာပါ Can က P'No နဲ့ တအားရင်းနှီးခဲ့တာဆိုတော့ ခုလို P'No ကျောင်းပြီးသွားတဲ့အချိန်မှာ သူတအား ဝမ်းနည်းနေခဲ့တာ။ဘွဲ့ယူတဲ့နေ့တုန်းကတောင် P'No ကိုဖက်ပြီးငိုနေခဲ့လို့ Ae တို့မနည်းချော့လိုက်ရသေးသည်။

Old FlameWhere stories live. Discover now