Zawgyi
"Plan.. မင်းနိုးလာပြီလား"
Mean ချက်ချင်းထကာ ဆရာဝန်တွေကိုပြေးခေါ်ရန်ပြင်တော့ အိပ်မက်ယောင်နေသေးသလိုမျိုး Mean လက်တွေကို ဖမ်းဆွဲလာလေသည်။
"Tin… ငါ့ကိုထပ်ထားမသွားပါနဲ့"
Mean ရဲ့ခြေလှမ်းတွေကရပ်သွားပြီး Plan နားပြန်ထိုင်ကာ Plan ရဲ့လက်ကိုဆုပ်ကိုင် ပွတ်သပ်နေပြီး နဖူးနဲ့ကပ်ထားမိသည်။
သူ Plan ကိုမျက်နှာချင်းမဆိုင်ရဲပါ။အားနာတာလား စိတ်မကောင်းဖြစ်တာလား အပြစ်တင်စိတ်လား မဝေခွဲတတ်တော့ပေ။သေချာတာတော့ အဖြစ်အပျက်တစ်ခုလုံးရဲ့တရားခံဟာ သူပင်ဖြစ်သည်။
"ငါတောင်းပန်ပါတယ်… ငါတကယ်တောင်းပန်ပါတယ် Plan"
Plan ရဲ့အပြုံးလေးတွေကပျောက်ကွယ်သွားသည်။Mean ဆုပ်ကိုင်ထားသော လက်ကိုပြန်ရုတ်သွားပြီး ရှေ့တည့်တည့်ကိုသာ မျက်နှာသေလေးနဲ့ထိုင်ကြည့်နေတော့သည်။
"ဘာအတွက်လဲ ငါ့ချစ်သူကို သတ်ခဲ့လို့လား ဒီလိုပုံစံဖြစ်နေတဲ့ ငါ့ကိုသနားလို့လား"
Mean မျက်ရည်များပါကျလာကာ နှလုံးသားတစ်ခုလုံးပါစူးနင့်နေအောင်နာကျင်လာလေသည်။
"အကုန်လုံးပါဘဲ အကုန်လုံးအတွက် ငါတောင်းပန်ပါတယ်"
"မင်းတောင်းပန်လို့ Tin ကပြန်ရှင်လာမှာမဟုတ်ဘူး မင်းတောင်းပန်လိုက်လို့ Tin ကငါ့ဆီ.. ငါ့ဆီပြန်မလာနိုင်တော့ဘူး ဟင့်.. အင့်"
မျက်နှာကိုလက်နဲ့အုပ်ကာ တအင့်အင့်ရှိုက်ငိုလာသောကောင်လေးကို Mean ဆွဲဖက်ကာ နှစ်သိမ့်ပေးမိသည်။သို့သော် သူကအထိမခံဘဲ ပြန်ဆောင့်တွန်းလွှတ်လာတော့ Mean ပါကြောင်သွားရသည်။
"မထိနဲ့!! မင်းမှာ သူ့နှလုံးရှိတိုင်း မင်းကသူမဟုတ်ဘူး!! ဘာလို့လဲ ငါသူ့နောက်လိုက်သွားမလို့ကို ငါ့ကိုဘာလို့ဒီနေရာကြီးကိုခေါ်လာခဲ့ကြတာလဲ ဟမ်!! ငါကယ်ပေးပါလို့တောင်းဆိုမိလား"
ပြောရင်း ဆေးပိုက်တွေကိုဆွဲဖြုတ်ကာ ကုတင်ပေါ်ကနေဆင်းပြေးသူကြောင့် Mean တံခါးရှေ့အမြန်သွားရပ်ကာ ပိတ်ထားလိုက်ရသည်။