Unicode
Writer's Note
Hello Hello! ဒါလေးက P'Mean Birthday အတွက် အမှတ်တရဖြစ်အောင်ရေးထားတဲ့ One short လေးပါ Mean ကိုဒီလို cha type မျိုးမရေးဖူးလို့ ပျင်းဖို့ကောင်းသွားတာမျိုး နည်းနည်းလေးလိုအပ်တာမျိုး မပေါ်လွင်တာမျိုးရှိခဲ့ရင် ဒီလူရဲ့ လိုအပ်ချက်ပါ ဟီး သဘောကျမယ်လို့ထင်ပါတယ် <( ̄︶ ̄)>
~~~~~~~~~~~
"Welcome from the Ireland, Galway City"
မိုးရေတွေအနည်းငယ်စိုစွတ်နေသည့် မြို့ဝင်ဆိုင်းဘုတ်လေးကို Plan ငေးကြည့်မိသည်။ရာသီဥတုက အုံ့မှိုင်းမှိုင်းဖြစ်နေကာ လေအနည်းငယ်တိုးဝှေ့တိုက်ခတ်နေသည့်ရာသီဥတုလေးဖြစ်တာကြောင့် နေလို့ကောင်းလေသည်။
အိုင်ယာလန်ပြည်နယ်က Plan အရင်သွားဖူးနေကျ အအေးပိုင်းဒေသများလိုမဟုတ်ပဲ ပင်လယ်ကျွန်းစုမြို့လေးတစ်မြို့ဖြစ်သည်။ပင်လယ်ဝိုင်းနေသည့် ကျွန်းပေါ်တည်ထားသည့် မြို့လေးဖြစ်တာကြောင့် ပင်လယ်ရနံ့ခပ်သင်းသင်းကလဲ မြို့ထဲပျံ့နှံ့လျက်ရှိသည်။
Plan ခရီးသွားအိတ်ကို သယ်လိုက်ပြီး မြို့ဝင်ဆိုင်းဘုတ်လေးကိုကျော်ကာ ညီညာသော ကွန်ကရစ်လမ်းလေးတစ်လျှောက် လျှောက်လာကြည့်သည်။လူဦးရေနည်းသည့် မြို့လေးက ကားအသွားအလာလဲသိပ်မတွေ့ရပေ။တော်တော်များများက စက်ဘီးလေးတွေနှင့်ဖြစ်သည်။ဒါကြောင့်လဲ ဒီမြို့ရဲ့လေထုက ပိုလို့သန့်ရှင်းပြီး လတ်ဆတ်နေပုံပင်။
သန့်စင်တဲ့လေထုကို အဆုတ်ထဲထိရှုသွင်းလိုက်တော့လဲ ရင်ထဲက ခံစားနေရသည့် လေးပင်မှုကြီးက နည်းနည်းတောင်လျော့မသွားပေ။Plan ဒီနေရာကိုလာတာဟာ အပျော်လာခဲ့ခြင်းမဟုတ်ပဲ သူရင်မဆိုင်ချင်တဲ့ တစ်စုံတစ်ယောက်ဆီက ထွက်ပြေးခဲ့ရုံသာဖြစ်သည်။
လူကသာ ကမ္ဘာတစ်ခြမ်းကိုထွက်ပြေးခဲ့ပေမယ့် နှလုံးသားကတော့ သူ့ဆီမှာတင် သံမှိုရိုက်သလိုစွဲကျန်နေခဲ့သေးကြောင်းကို မေ့ထားသည့်ကြားက ခေါင်းထဲသို့ရောက်လာပြန်သည်ကို ကြည့်ရုံနဲ့တင်သိနိုင်သည်။
Plan လမ်းလျှောက်လာရင်း ဘတ်စ်ကားမှတ်တိုင်တစ်ခုကိုတွေ့၍ ထိုနားသို့သွားကာထိုင်လိုက်သည်။ခရီးဆောင်အိတ်ကိုဘေးချရင်း အိုင်ယာလန်၏မြေပုံကို ဖုန်းဖွင့်ကာ တစ်ချက်လေ့လာကြည့်သည်။ခပ်လှမ်းလှမ်းမှာ မြင်နေရသည့် ရောင်စုံအိမ်လေးတွေက ပင်လယ်ဘေးတွင် အစီအရီရှိသည်။ Galway မြို့က ထင်ထားတာထက်တောင်ပိုလှပလေသည်။