Zawgyi
"တီ.. တီ.. တီ.. တီ.."
စက်တွေပေါင်းစုံခြံရံထားတဲ့အခန်းတစ်ခုထဲမှာလဲလျောင်းနေသော ကောင်လေးတစ်ယောက်။သူ့ဘေးတွင်တော့ ဆရာဝန် ၂ ယောက်နှင့် တစ်ခြားသူနာပြုမလေးများဝန်းရံလျက်ရှိသည်။ငြိမ်းချမ်းစွာအိပ်ပျော်နေသောကောင်လေးမှလွဲ၍ တစ်ခြားသူများဟာ အခန်းထဲတွင် အလုပ်ရှုပ်နေလေသည်။
"သွေးခုန်နှုန်း"
"စိုးရိမ်စရာမရှိပါဘူး ဆရာ"
"အောက်ဆီဂျင်"
"ပေးထားပါတယ်"
"မေ့ဆေး"
"ဖယ်ပြီးပါပြီ"
"နှလုံးခုန်နှုန်းရော ဘယ်လိုလဲ"
"ပုံမှန်ဖြစ်သွားပါပြီ ဆရာ"
"အင်း ငါတို့တာဝန်ပြီးပြီ အားလုံးဘဲတော်ကြပါတယ်"
ဆရာဝန်ဖြစ်သူ၏ ကျေနပ်နေသောအပြုံးကြီးမှာ mask အုပ်ထားလျက်နဲ့တောင် သူရဲ့မျက်လုံးများမှာထင်ပေါ်နေလေသည်။သွေးများပေစွန်းနေသည့် လက်အိတ်ကိုချွတ်လိုက်ကာ ခွဲခန်းအပြင်ကိုထွက်လာခဲ့သည်။ထိုအခါမှ အပြင်ဘက်တွင်ရပ်စောင့်နေသော အသက်လတ်ပိုင်းလောက်ရှိမည့် အမျိုးသားနဲ့ အမျိုးသမီးတို့က သူ့နားကို အပြေးရောက်လာခဲ့သည်။
"ဆရာ သား.. သားလေးအခြေအနေဘယ်လိုလဲဟင်"
ဆရာဝန်ဟာ mask ကိုချွတ်ပြီး ပြုံးပြလာသည်။
"စိတ်မပူပါနဲ့ ခွဲစိတ်မှုအောင်မြင်ပါတယ် အားလုံးကောင်းသွားပါပြီ သူနိုးလာရင် လူကောင်းတစ်ယောက်လိုဖြစ်တော့မှာပါ"
ထိုစကားကိုကြားမှ ရှေ့ကလူ ၂ ယောက်ဟာ ထခုန်မတတ်ကိုပျော်သွားတော့သည်။သူတို့သားလေးက မွေးရာပါ နှလုံးမှာအပေါက်ကြီးတစ်ခုပါလာတာကြောင့် အသက် ၂၂ နှစ်ရောက်တဲ့ထိကို ဆေးတွေသောက် ဆေးကုသမှုတွေမပြတ်ခံယူရင်းနဲ့ အသက်ကိုဆွဲဆန့်ထားရသည်မလား။အခု.. အခုတော့ သားလေးက လူကောင်းတစ်ယောက်လိုနေနိုင်ပြီတဲ့။
"ဖေကြီး ရှင်.. ရှင်ကြားလား ကျွန်မတို့သားလေးကောင်းသွားပြီ ကောင်းသွားပြီတဲ့"