2.

1.4K 243 4
                                    


[Unicode]

Chapter 2

ကောင်လေးက သူ့လက်ထဲက အကြွေစိကို စေ့စေ့ကြည့်ပြီး လက်တို့ကို ပေါင်နားမှာ သက်တောင့်သက်သာ ချထားလိုက်သည်။

အချောကြီးလည်း ထိုတော့မှ အတော်လေး စိတ်သက်သာသွားရပြီး ခြေလှမ်းတို့ကို ရှေ့တိုးကာ သူ့လက်ထဲ ယွမ်နှစ်ဆယ် ထည့်ပေးလိုက်သည်။

"ကိုယ့်ကို နေရာတကာ မဆိုင်လည်း ဝင်မပါရမနေနိုင်တဲ့လူလို့ပဲ သဘောထားလိုက်" အချောကြီးက နွေးထွေးလှသော အသံဖြင့် ပြောသည်... "မင်းကိုယ်ပေါ်က ဒါဏ်ရာတွေက တော်တော်ဆိုးဆိုး ပေါက်ပြဲနေတာ၊ ကိုယ်က ဒီတိုင်း မင်း ဆေးမထည့်ဘဲ မသက်သာနိုင်လောက်ဘူးလို့ တွေးမိရုံ... ဘယ်သူလုပ်လိုက်တာလဲဆိုတာ ကိုယ့်ကို ပြောပြလို့ရမလား"

ကောင်လေးက တစ်ခွန်းမှကို ဟမလာ၊ မဖြေချင်ကြောင်း အသိအသာ။ အမှန်တော့ သူမပြောဘဲလည်း သူ့ရင်ထဲ ဘာတွေရှိတယ်ဆိုတာကို အချောကြီး အတိအကျသိပါသည်။

အချောကြီး သူ့ကို ပြန်ဆွဲ ထိုင်ခိုင်းရသည်။ သူ့ဆံပင်သူ ဖွလိုက်ပြီးနောက် ရှပ်အင်္ကျီအဟကနေ လက်လျှိုဝင်ကာ ကောင်လေးကိုယ်ပေါ်က ဒဏ်ရာတွေကို စစ်ဆေးသည်။

နောက်ကျောပေါ်တွင် ခရမ်းရောင်သမ်းနေသည့် ဒဏ်ရာဒဏ်ချက်တို့က အပြည့်၊ အချောကြီးမှာ ဘယ်နေရာကစပြီး ဆေးလိမ်းပေးရမယ်တောင် မသိတော့။

"ဒီဒဏ်ရာတွေရထားတာ ဘယ်လောက်ကြာပြီလဲ?" သူ ညင်သာစွာ မေးလိုက်သည်။

ကောင်လေးက ပြန်ဖြေသည်... "မနေ့က"

ဒဏ်ရာက တအားနက်လွန်းနေသည်၊ ကြည့်ရတာ အားပြင်းပြင်းနဲ့ လွှဲရိုက်ခံထားရတဲ့ပုံပင်။

ဒါတွေက တစ်ရက်လောက် ဆေးလိမ်းလိုက်ရုံနှင့် မသက်သာနိုင်ပေမဲ့ ဒီကောင်ငယ်လေးနှင့်ကလည်း မထင်မှတ်ဘဲသာ ဆုံဖြစ်လိုက်တာ၊ ထပ်ပြီး ပတ်သက်နိုင်စရာ ဘာဆက်ဆံရေးမှမရှိ၊ ဒီတစ်ကြိမ် တွေ့တုန်းဆုံတုန်းလေးမှာပဲ သေချာလုပ်ပေးနိုင်သည်။

သူ ဒဏ်ရာတွေကို ဖြည်းဖြည်း ညင်ညင်သာသာလေး ဆေးထည့်ပေးသည်။ ကောင်လေးက ဆိုဖာပေါ်မှာ လှဲလျက် မျက်လုံးတို့က ဟိုဒီလိုက်ကြည့်နေသည်။ အနာတွေပေါ်ကို ရေနွေးစိမ်ထားသည့် အဝတ်စဖြင့် ဖိကပ်ပေးပြီးနောက် အချောကြီး ကောင်လေးကို ညဘက်ကျ ကိုယ်ဟာကိုယ် တစ်ခေါက်ထပ်လုပ်ဖို့ သင်ပေးသည်။ ကောင်လေးက ဘာမှပြန်မပြောတော့ အချောကြီးလည်း စကားဆက်မနေတော့ဘဲ ဒီတိုင်းပဲထားလိုက်တော့သည်။

Light Tea, Sweet Wine 清茶甜酒 (Myanmar Translation)Where stories live. Discover now