11.

1.5K 198 17
                                    


[Unicode]

သူ့ဘဝ၏ပထဆုံးအကြိမ် heatဝင်ခြင်း ဖြစ်သွားခဲ့ပြီးနောက် တစ်လအကြာမှာ သူ့အမေက သူမ နဂိုအလုပ်ကနေ ပြုတ်သွားခဲ့သည်။ အလုပ်မှာ အမြဲ အာရုံမရှိ၊ လုပ်ဖော်ကိုင်ဖက်တွေနှင့် တစေ တရန်တစီဖြစ်နေပါတော့ ဘယ်လိုများ အလုပ်မြဲနိုင်လိမ့်မည်။

သူမ နောက်အလုပ်အသစ်လည်း ရှာမရခဲ့။

အိမ်မှာပဲ စိတ်လေလွင့်စွာ ထိုင်းထိုင်းမှိုင်းမှိုင်း အချိန်ဖြုန်းရင်း သူ့ကို မျက်မုန်းကျိုး၊ မနာလိုသော မလိုသောမျက်လုံးများဖြင့် ကြည့်၍ ပါးစပ်ကနေလည်း "မင်းက Omega"ပေါ့လေ... "ဟက်... မိုက်တာပေါ့"ဆို တဖွဖွ ရေရွတ်နေ၏။

Alpha pheromoneတွေက သူ့ကို အပိုင်းပိုင်း ဆုတ်ဖြဲခဲ့ပါ၏။ ထို့နောက် သူ့အမေ၏မျက်ဝန်းများဆီမှ အကြည့်တို့က သူ့အား ထို တစစီဖြစ်လျက်ရှိသော သူ့ကိုယ်သူ ပြန်လည်အားယူတည်ဆောက်နိုင်စေရန် သတ္တိခွန်အားတို့ ပျောက်ဆုံးစေပြန်သည်။

အဲ့နောက်ပိုင်းမှာတော့ သူ ဟော်မုန်းကြွချိန်ရောက်တိုင်း သူ့အမေက တစ်ချက်အလွတ်မပေးဘဲ မျက်စိဒေါက်ထောက်စောင့်ကြည့်ပြီး အသုံးချတော့၏။

စားဦးစားဖျား ရင့်မှည့်စသစ်သီးငယ်လို မွှေးပျံ့လတ်ဆတ်ပါသော Omegaတစ်ယောက်သည် Alphaများအတွက်တော့ မထိန်းမချုပ်နိုင်အောင် အာသီသဖြစ်ရစေသော ဆွဲဆောင်မှု။

ဆွဲဆောင်နိုင်မှုစွမ်းအားပြင်းပုံများ သူတို့ဟာ ဒီလို Omegaပျိုတစ်​ဦးနှင့် ဆက်ယှက်ရဖို့လေးအတွက်ကိုပဲ နောက်ဆက်တွဲ ဘာအမှုတက်လာလာ နောင်ကိစ္စနောင်ထား စွန့်စားသင့်ရင် ရဲရဲကြီးစွန့်စားလိုက်မည်၊ ပိုက်ဆံလိုက်ဖို့လိုလာရင်လည်း အထပ်လိုက်ပုံပေးလိုက်တာပင်။

တစ်ခေါက်မှာတော့ သူ သူ့အမေ သူ့ကို heatတက်ချိန်ရောက်ပြီဆိုတာ သတိမထားမိခင်အရင် အိမ်ကနေ ထွက်ပြေးခဲ့သည်။ ဒါပေမဲ့လည်း pheromoneတွေ ဒီလောက်ပြင်းပြင်း ထုတ်လွှတ်နေတဲ့ Omegaတစ်ယောက်အတွက် ဘယ်မှာ လွတ်မြောက်နိုင်စရာမြေရှိနိုင်မည်... သူ တံတားတစ်ခုအောက်ထဲက လမ်းကြားလှိုင်းခေါင်းပေါက်တစ်ခုထဲမှာ ပုန်းနေခဲပေမဲ့ ဘယ်နေရာမှာပဲ သူပုန်းပုန်း Alphaတွေက သူ့ pheromoneနံ့ကို အနံ့ခံမိကြတာ၊ သူ့ကို တစ်ချက် ဖြတ်ခနဲ တွေ့မိလိုက်ကြတာနှင့် လူကိုအကောင်လိုက် ခုန်အုပ်ဝါးမြိုတော့တာပင်။

You've reached the end of published parts.

⏰ Last updated: May 28, 2022 ⏰

Add this story to your Library to get notified about new parts!

Light Tea, Sweet Wine 清茶甜酒 (Myanmar Translation)Where stories live. Discover now