3.

1.2K 253 8
                                    


[Unicode]

Chapter 3

အချောကြီးတစ်ယောက် ကြောင်အမ်းသွားပြီးမှ ဟားဟားဆို သဘောတကျ ရယ်၍ "မင်းက ကိုယ့်ကို ကိုယ့်ပိုက်ဆံနဲ့ ပြန်ခိုင်းတယ်ပေါ့လေ"

ကောင်လေးက ခေါင်းညိတ်သည် "အွန်း"

ပြီးတော့ ထပ်ဖြည့်ပြောလာသေး၏ "ကျွန်တော့်ကို ပေးထားတာပါ၊ အဲ့တော့ အခုက ကျွန်တော့်ပိုက်ဆံပေါ့"

နောက်ဆုံးတော့ ဒီကလေးဆီမှာ သူ့အသက်နှင့် လိုက်ဖက်သည့် တုံ့ပြန်မှုလေး တွေ့လိုက်ရပြီ။ အချောကြီးနှလုံးသားမှာလည်း အရည်ပျော်ရလေပြီး အကောင်ပေါက်ကို ဝင်လာဖို့ လက်ယက်ခေါ်လိုက်သည်။

သူ ကောင်လေးကို ဆေးလိမ်းပေးဖြစ်သည်၊ နောက်ကျောကဒဏ်ရာတွေ ဘယ်လောက်ထိ သက်သာသွားတယ်ဆိုတာကိုလည်း တွေ့ရသည်။

ကောင်လေးက ဒီနေ့ ခပ်ပွပွ တီရှပ်အမည်းရောင်လေး ဝတ်ထားတော့ သူ မချွတ်နေဘဲ နောက်ကျောကနေသာ အပေါ်ကို လှန်တင်ရသည်။ သူ ဆိုဖာမှာ ပစ်လှဲလိုက်တော့ လှန်တင်ထားသည့်အင်္ကျီက သူ့ ခပ်လွှလွှထင်းထွက်နေသည့် ညှပ်ရိုးနားတွင် ပုံကျသွားသည်။ ဖြူလွှလွှအသားအရည်တွင် အညိုအမည်းအကွက်ကွက်၊ ခရမ်းရောင်ပင်သန်းနေသည့် ဒဏ်ရာတို့က အပြည့်အသိပ်နေရာယူထားခြင်းကြောင့် နဂိုအသားအရည်ဖြူဖြူကိုပင် မမြင်ရစေတော့။

အနာတွေက မနေ့ကထက်စာရင်တော့ တော်တော်လေး အရောင်ကျသွားသည်။ အချောကြီး ကောင်လေးရဲ့ နက်မှောင်သော ဆံပင်ထူအုပ်အုပ်ကို စူးစိုက်ကြည့်ရင်း အမြင်စက်ကွင်းတည်ရာ ဘေးဘက်ရှိ ပုံရိပ်လေးတွင် ဆေးဆေးတည်ငြိမ်လှသော မျက်နှာလေးတွေ့လိုက်ရတော့ ဒီဒဏ်ရာတွေသာ ကိုယ့်ကိုယ်ပေါ်ရခဲ့ရင် တော်တော်နာကျင်ရမှာပဲလို့ သူ့နေရာမှ ဝင်ခံစားကြည့်မိသည့် အတွေး စိတ်အာရုံထဲ ရုတ်ချည်းဝင်လာခဲ့၏။

သူ့လက်တို့သည် ကောင်လေး၏ ဆံပင်တို့ဆီရောက်သွားပြီး ထူအုပ်အုပ်ဆံပင်တို့ကို ဖွလိုက်သည်။ ဖွနေရင်းမှ သူ့နှလုံးသား တဆစ်ဆစ်နာကျင်လာသလိုရှိလာပြီး ကောင်လေးကို နှစ်သိမ့်ပေးမိသည်။

Light Tea, Sweet Wine 清茶甜酒 (Myanmar Translation)Where stories live. Discover now