Hi readerတို့ အားလုံးနေကောင်းကြရဲ့လား ကျနော်ကအရုပ်လေးပါ မတွေ့ကြရတာကြာပြီနော် ကျနော်လည်းကျန်းမာရေးကောင်းသလို ကျနော့်သခင်လည်းနေကောင်းပါတယ် ဆိုးတာကတော့ သခင်ကCDMကြောင့်အလုပ်ပြုတ်သွားပြီဗျ အဲ့တော့စိတ်ညစ်ညစ်နဲ့ကျနော်ပဲ အမဲခံနေရတာပေါ့ နေ့တိုင်းအပြစ်လွှတ်တဲ့ရက်ရယ်လို့မရှိ့ပါဘူးဗျာ အခုလည်းအပြစ်ပေးခံနေရတာလေ သူ့ကိုခွင့်မတောင်းဘဲ အရှေ့ခန်းက လာပေးတဲ့မုန့်ကိုကိုယ့်သဘောနဲ့ကိုယ်ယူမိလို့တဲ့ဗျာ ယူမိတဲ့လက်တွေကို ကြိမ်နဲ့သွေးစို့တဲ့အထိ ရိုက်ခံထားရတယ် ပြီးတာတောင်သူလာမခေါ်မချင်း ဝရံတာမှာ နေပူလှန်းခံထားနေရတဲ့ကျနော့်ဘဝရယ်ပါ..
"ဟိုတစ်ယောက် တော်ပြီ ဒီနားကိုလာခဲ့"
"ဟုတ်သခင် ကျနော်လာပါပြီ"
"အလုပ်ပိတ်ရက်လေးတောင်နင်ငါ့ရှေ့မှာ အမြင်တော်အောင်မနေတတ်ဘူးလားဟမ်"
"ကျနော်ဆင်ခြင်ပါ့မယ် သခင်"
"အဲ့မုန့်တွေကိုလွှတ်ပစ်လိုက် နောက်ဘယ်သူနဲ့မှမပတ်သတ်နဲ့ ကြားလား!"
"ဟုတ်ကဲ့ သခင်"
"အဲ့ဒါလုပ်ပြီးရင် အဝတ်လှဲခဲ့ အပြင်သွားမယ် "
"ဟုတ်ကဲ့သခင်"
ကျနော်လည်းထုံးစံအတိုင်းall black ပေါ့ဗျာ
"သခင် ကျနော်ပြီးပါပြီ"
"Ommသွားမယ် ယော့ အိမ်သော့"
ကျနော် လည်းအိမ်ကိုသော့ခပ်ပြီး သခင့်လက်ကိုဆွဲကာ သခင်ခေါ်ဆောင်ရာကိုလိုက်ရတော့သည်။ Taxiပေါ်ကဆင်းတော့ ကျနော့်ကိုလက်ကိုဆွဲကာ အိမ်မွေးတိရစ္ဆာန်ရောင်းဝယ်ရေးဆိုင်ထဲဝင်သွားလေရဲ့ ခဏနေတော့ ဆိုင်ဝန်ထမ်းကောင်မလေးက သခင့်ကို ခွေးလေးတစ်ကောင်လာပေးတယ် ကျနော်ကတော့ကြည့်ရင်နားမလည်တော့တာအမှန်ဘဲ