part(2)

6.9K 109 5
                                    

တူးတူးတဲ့လား ဟတ်​ တကယ့်​အရူးမ​လေး အဲ့လိုနာမည်​အဆန်း​တွေ​ပေးတတ်​တာသူ့အကျင့်​လား။ ​နောက်​မှ​မေးကြည့်​ရမယ်​ တူးတူးကဘာအဓိပ္ပါယ်​လဲဆိုတာကို ။ကျ​နော်​လည်းအိပ်​မ​ပျော်​တာနဲ့ ​ခွေး​ပေါက်​နှစ်​​ကောင်​ကိုကြည့်​ဖို့ အခန်းပြင်​ထွက်​လိုက်​တယ်​။ ကျစ်​ ခြင်​​တွေ​တော့ကိုက်​​တော့မှာပဲ ဆိုဖာ​ပေါ်မှာခြုံစရာမပါဘဲ နှစ်​​ယောက်​သားဖက်​အိပ်​​နေတာ ငါ​နော်​ ။အရင်​ကဆို ခြင်​ကိုက်​ရင်​အိပ်​လို့လုံးဝမရတဲ့သူက ကျ​နော့်​ရဲ့lesson​တွေ​ကြောင့်​ ဖြစ်​သလိုလည်းအိပ်​တတ်​​နေပြီ​လေ ဟူး..အခန်းထဲပြန်​ဝင်​ပြီးခြုံ​စောင်​တစ်​ခုယူကာ ချီးထုပ်​နှစ်​​ကောင်​ကိုခြုံထား​ပေးလိုက်​တယ်​ ။ ပြွတ်​ ​ကောင်း​သောညပါအရုပ်​​လေး ကျ​နော်​အရုပ်​​လေးကိုအရမ်းချစ်​တယ်​။

......
"သခင်​ ဘယ်​သွားမလို့လဲ "

"Omm အလုပ်​တစ်​ခု​လျှောက်​ထားလို့ အဲ့ဒါ​စော​စောသွားရမယ်​ ငါထမင်းချိုင့်​ပြင်​​ပေးခဲ့တယ်​ အလုပ်​သွားရင်​ဂရုစိုက်​ ငါအစစအရာရာစိတ်​ချချင်​တယ်​"

"ဟုတ်​ကဲ့"

"အိပ်​ချင်​ရင်​အခန်းထဲဝင်​အိပ်​ ​ဒီ​နေ့အလုပ်​က​နောက်​ကျမှသွားရမှာမှတ်​လား အခန်းတံခါး lockချထား​နော်​ ကြားလား"

"ဟုတ်​ သခင်​ ဟို​လေ"

"ဘာလဲ "

"ကျ​နော်​တူးတူးအတွက်​ လိုအပ်​တာ​တွေ ဝယ်​ချင်​လို့ အဲ့ဒါ ပိုက်​ဆံနည်းနည်း​လောက်​.

"ငါနဲ့မှအတူသွားဝယ်​မယ်​ ​ကျောပိုးအိတ်​ထဲမှာ၁ထောင်ထည့်​ထား​ပေးတယ်​ ပြန်​လာရင်​ ၆ရာအတိပိုလာရမယ်​​နော်"

"ဟုတ်​ ​နောက်​ကျ​နေမယ်​သခင်​ ဂရုစိုက်​ပြီးသွားပါ​နော်​ "

"Omm bb"

အရုပ်​​လေးကိုဘာ​ကြောင့်​ပိုက်​ဆံ​ပေးမသုံးလဲဆိုတဲ့​မေးခွန်းကို ​ဖြေရမယ်​ဆိုရင်​...ပိုက်​ဆံလက်​ထဲရှိ့ရင်​အသုံးအဖြုန်းကြီးပြီး​ရှေ့​နောက်​မစဉ်းစားလို့ပဲလို့​ဖြေပါရ​စေ။တစ်​ခါကဆိုသူ့သူငယ်​ချင်းကစစ်​​ရှောင်​ပြည်​သူ​တွေတွက်​အလှူခံတာကို ကျ​နော့်​ဆီကပိုက်​ဆံ​တောင်းမရ​တော့ သူ့အ​မေ​ပေးထားတဲ့ဆွဲကြိုးကိုဖြုတ်​​ပေးလိုက်​တယ်​လေ ဘယ်​​လောက်​​ဒေါသဖြစ်​ဖို့​ကောင်းလိုက်​လဲ ​နောက်​ဆုံး​တော့ကျ​နော်​ကပဲ ပြိတ္တာဖြစ်​ရတာ​ပေါ့ ကဲသိပြီလားခင်​ဗျားတို့အရုပ်​​လေးအ​ကြောတင်းအ​ကြောင်း။ကျ​နော်​CDMဝင်​ထား​တော့ သူ့လုပ်​ခတစ်​ခုတည်းမို့ အိမ်​စီးပွား​ရေးကသိပ်​အဆင်​မ​ပြေဘူး​လေ စုထား​ဆောင်းထားတာ​တွေလည်းထုတ်​သုံးဖို့ကအဆင်​မ​ပြေ​တော့ အချိန်​ရှိ့သ​ရွေ့fbကအလုပ်​​ခေါ်စာ​တွေကြည့်​ပြီး​လျှောက်​ရတာလဲ​ခေတ်​မ​ကောင်း​တော့သိပ်​ပြီး​ပြေလည်​မ​နေပါဘူး အခုလည်းသူငယ်​ချင်းတစ်​​ယောက်​ကသူ့အလုပ်မှာ အသစ်​​တွေ interview ရှိ့တယ်​ဆိုလို့ ထွက်​သာလာရတယ်​ အိမ်​ကဟာကိုစိတ်​မချဘူးရယ်​ အရင်​ကဆိုသူ့ကိုအလုပ်​ဝင်​ပို့ပြီးမှ လုပ်​စရာရှိ့တာလုပ်​​နေကြဆို​တော့ အခုစိတ်​ကတစ်​ခုခုလို​နေသလို ခံစား​နေရတယ်​ ဟူး..လူတစ်​​ယောက်​ကိုအတ္တကြီးစွာချစ်​ရတာမလွယ်​ပါလား​နော်

365(သခင့်​ရဲ့အရုပ်​​လေး)Where stories live. Discover now