မှော်အစီအမံထောင်ထဲမှာ နတ်ဆရာကြီးရဲ့တပည့်ဖြစ်သူကို ပြင်းထန်သည့်အပြစ်များပေးနေခဲ့တဲ့ မဟူရာမှော်တပ်သားများ
ကြောင့် အသံနက်ကြီးနဲ့ မင်းကြီးကို ကျိန်စာများတိုက်နေခဲ့တဲ့ထိုသူ....''ငါ့အသက်နဲ့ကျိန်ဆိုတယ် မင်းတို့နန်းတော်ကြီးမကောင်းဆိုးဝါးတွေကြောင့် ပျက်စီးပါစေ။မွေးလာမဲ့မင်းရဲ့ကလေးကြောင့် မင်းတို့ရဲ့ဘဝတွေ ဘယ်တော့မှမအေးချမ်းပါစေနဲ့.. ဟားဟားဟား.. မကောင်းဆိုးဝါးလေးပဲမွေးလိမ့်မယ်ကွ..ဟားဟားဟား... ''
စကားများနေသည့် ထိုနတ်ဆရာကြီးရဲ့ပါးစပ်ကို ဖြဲ၍ တပ်သားများက လျှာဖြတ်ကာ ထုတ်လိုက်သည့်အတွက် ဝူးဝူးဝါးဝါးဖြစ်သွားတော့တယ်။
ထို့နောက် ထိုသူကို အင်းအစီအမံကျောက်ခေါင်းတလားကြီးထဲထည့်ကာ မြေမြှုပ်ပစ်လိုက်ကြသည်။ယခုရောက်နေသည့်နှစ်အထိဆိုပါတော့....
ယနေ့မျက်မှောက်ခေတ်မှာတော့ လူတွေက လောဘသားကောင်တွေဖြစ်နေကြပြီလေ။
အရင်က ရာဇဝင်သမိုင်းရှိခဲ့ကြတဲ့ နန်းတော်တွေဆီသွားရောက်ကြပြီး.ရွှေငွေတွေကိုလိုက်တဲ့ ရတနာမုဆိုးများကပေါများလာခြင်းပဲ။အဲ့ဒီလောဘတွေအတွက်နဲ့ပဲ သူတို့ရဲ့အသက်များကိုစတေးခဲ့ရသည်အထိ မိုက်ရူးရဲဆန်ခဲ့ကြသည်။
ခုလည်းပဲ... လုရင်းတစ်ယောက် မြေကြီးထဲက သေတ္တာတစ်လုံးကို သူ့တပည့်ဖြစ်သူနဲ့အတူရှာတွေ့ခဲ့ပြန်ပြီ...''သေတ္တာတစ်လုံးတော့တွေ့ပြီကွ အပေါ်ကိုသယ်တင်သွားပြီး စစ်ဆေးကြည့်မယ် မယူလာခဲ့လိုက်။''
''ဟုတ်...ကျွန်တော်သယ်ခဲ့ပါ့မယ်။''
တွင်းထဲကနေ မြေပေါ်ရောက်အောင် သယ်ယူလို့အပြီးမှာတော့..
လုရင်းဟာ သူ့ရဲ့ဝေယျာဝစ္စပစ္စည်းတွေကို ယူလိုက်ပြီး ထိုသေတ္တာကိုဖွင့်ရန်ပြင်ဆင်ပါရော...ရုတ်တရက်ဆို သလို အနည်းငယ်လေပြေလိုလိုမျိုးကြီး သူတို့ဝန်းကျင်အနီးတိုက်ခတ်သွားတာမို့ ကျောများချမ်းသွားသလို ကြက်တီးများပင်ထကြရသည်။
''ကောင်လေး......တခုခုထူးခြားသွားသလိုပဲ....''
အဲ့ဒီနောက် ထိုသေတ္တာကြီးကိုဆက်ဖွင့်ခဲ့ကြသည်။