ပေကျင်းကိုပြန်ရောက်တာနဲ့ ဝမ်ရိပေါ်ရဲ့ အဖွားဟာ သူ့မြေးရဲ့ဖြစ်အင်တွေကို လိုက်မမှီအောင်ပဲအံ့သြနေမိတယ်။
''ဘယ်လို ဝမ်လေး...မြေးက လက်ထပ်တော့မယ်ဟုတ်လား။''
''ဟုတ်တယ်ဖွား...ဝမ်လေးရဲ့ ကြင်ဖော်က အရမ်းချစ်ဖို့ကောင်းတဲ့အတွက် ဝမ်လေးစိတ်မချတော့ဘူး။ဒါကြောင့် ဝမ်လေးဘက်က လက်ထပ်ဖို့စိတ်လောမိတာပါ။
ဖွားဘက်ကရော လက်သင့်ခံနိုင်မလား..ဝမ်လေးအခုလက်ထပ်မဲ့ကျန့်က ယောကျာ်းသားတစ်ယောက်ပဲဖွား။''''ဘာ...''
ဝမ်ရိပေါ်ရဲ့စကားကြောင့် ရိပေါ်ရဲ့အဖွားဖြစ်သူ
ဝမ်ယန်းယန်းဟာ ရင်အစုံကိုဖိလို့...
''ဘုရားဘုရား..ဝမ်လေး မြေးရဲ့စိတ်တွေ ဟုတ်မှဟုတ်ပါ့မလား မဖြစ်နိုင်တာကိုမပြောနဲ့ဝမ်လေး။
ဒါနောက်စရာကိစ္စမဟုတ်ဘူးနော်။''''ဖွား...ဝမ်လေးကနောက်ပါ့မလား အရင်က သူငယ်ချင်းတွေကိုခေါ်ပြီးလိမ်ခဲ့မိပေမဲ့..အခုက
ကျန့်ကို ဝမ်လေးချစ်တယ် မြတ်နိုးတယ်.. ဒါကြောင့် ဝမ်လေးတို့ချစ်ခြင်းကို ဖွားဘက်က လက်သင့်ခံ ခွင့်ပြုပေးစေချင်တယ်။''''သူ့ကိုဖွားဆီခေါ်လာခဲ့ဝမ်လေး...''
''ဟုတ်ကဲ့ ဖွား''
တဖက်တွင်လည်း...
''ကျန့်ကျန့်လေး....အန်ကယ်ဂျော်နဲ့ နယူးယောက်ကိုလိုက်ခဲ့ရမယ်။''
''ဟမ်း...''
စားနေတဲ့ခေါက်ဆွဲဖက်လေးပါ ပါးစပ်ထဲမှပြန်ထွက်ကျရတဲ့အထိ ရှောင်ကျန့် လန့်သွားတော့တယ်။''ဟုတ်တယ်... ကျန့်ကျန့်လေးကို အန်ကယ်ဂျော်စိတ်မချဘူး။ကျန့်ကျန့်လေးက လိမ်မာပါတယ်နော် အန်ကယ်ဂျော်နဲ့အတူလိုက်မယ်မဟုတ်လား။''
''ဟင့်အင်း.. ကျန့်ကျန့်မလိုက်ချင်ဘူး အန်ကယ်ဂျော်..ကျန့်ကျန့်ကောဝမ်နဲ့ပဲ ဘဝတစ်ခုတည်ဆောက်မှာ တောင်းပန်ပါတယ် အန်ကယ်ဂျော် ကျန့်ကျန့်ကိုခွင့်လွှတ်ပေးပြီး ခွင့်ပြုပေးစေချင်တယ်။''
''ဆုံးဖြတ်ပြီးပြီလား ကျန့်ကျန့်ဘက်က''
''အင်း...''မဆိုင်းမတွခေါင်းငြိမ့်ပြနေတဲ့တူဖြစ်သူကိုကြည့်ပြီးတော့
ဂျော်သန်ကျန်းချန်းသည်လည်းပဲမနိုင်တော့ပါ။