ကန္တာရထဲ အိုအေစစ်သဘောပေါက်ရောက်နေသည့်ကျိန်စာနယ်မြေသည်
ယခုအခါမှာတော့ စိမ်းစိုလတ်ဆတ်တဲ့
အသွင်အပြင်ရှိနေပြန်တယ်။
ပူပြင်းလွန်းတဲ့ ထိုမြေပြင်ကြီးထဲမှာတော့ အဆိပ်ပြင်းလှသည့် ကန္တာရမြွေအနက်နဲ့အနီ နှစ်မျိုးအပြင် ကင်းမြှီးကောက်နက်တွေကိုလည်း မြင်တွေ့ရမှာဧကန်မလွဲပေ။တခုတည်းသော ရေအရင်းအမြစ်ကတော့ 'ဆွယ်မန်ဒရာ' ဟုခေါ်သည့် ရေစက်ကျ ကျောက်စမ်းလေးတစ်ခုသာဖြစ်သည်။
အစိမ်းရောင် ရေညှိပင်များနဲ့ဖုံးလွှမ်းနေပြီးအရမ်းကိုနှစ်ကြာနေ၍ထိုနေရာတွင်မူ ပျောက်ကွယ်လုနီးနီးပင်...
မှော်ဆရာမျိုးနွယ်ဝင်တွေဟာ ထိုဆွယ်မန်ဒရာ ကျောက်သားနယ်မြေတွင် သူတို့ရဲ့မှော်နှင်းတံများကို ဆေးကျောသန့်စင်တတ်ကြသည်။
အဝါရောင်မှော်နှင်းတံဟာ ယခုအခါထိုနေရာတွင် ရောက်ရှိနေပြီး စမ်းအတွင်း
နစ်မြုပ်နေပြန်သည်။ကျောက်စက်ကျစမ်းရေအေးတွေဟာ
နှင်းဘယ်လောက်ကျကျ အေးခဲသွားခြင်းလုံးဝမရှိပါ။
သူ့ရဲ့ဝန်းကျင်နယ်မြေ ပရဝုဒ်အတွင်း၌
လတ်ဆတ်လှသည့် ခရမ်းပုပ်ရောင်ဘယ်ရီသီးများက တော်တော်များများ
သီး၍နေသည်။ရှောင်ကျန့်နဲ့အတူ ရိပေါ်ဟာ ထိုဆွယ်မန်ဒရာ သို့ရောက်ရှိလာတဲ့အတွက် ဗိုက်ဆာနေတဲ့ရှောင်ကျန့်ဟာ..ဘယ်ရီသီးများကိုမြင်ပြီး....
''ကော...ဘယ်ရီသီးစားချင်တယ် ရမလားဟင်။''''ကျန့်...ခဏနေအုံး ကိုယ်အရင်စမ်းသပ်ကြည့်မလို့ မစားနဲ့အုံး။''
မျက်လုံးဝိုင်းလေးနဲ့ ရှောင်ကျန့်ကတော့
သူ့ရှေ့ကအသီးတွေကိုကြည့်ပြီး ရိပေါ်ရဲ့အသီးခူးနေသည့်နံ့ဘေးတွင် ထိုင်ကာကြည့်နေခဲ့သည်။ဝမ်ရိပေါ်လည်း....အသီးတစ်လုံးကို သူ့ပါးစပ်ထဲအရင်ထည့်ပြီး စားကြည့်လိုက်တယ်။
ဘာမှမဖြစ်တာသေချာမှ ဘယ်ရီသီးတွေကို အနားမှာရှိတဲ့ သစ်ရွက်ကြီးကြီးတရွက်ကိုခူးယူပြီး ကတော့ထိုးကာ
ထည့်ယူလာခဲ့သည်။''ကျန့်.....ဗိုက်ဆာနေပြီလား....
ကိုယ် သားကောင်ရှာပေးမယ်လေ။''