ရှောင်ကျန့်နဲ့အတူ မဟူရာနန်းတော်ဘက် ခြေဦးလှည့်နေသည့် ရိပေါ်ဟာ ဆွယ်မန်ဒရာထဲမှ အလင်းရောင်တချို့ကို မြင်ပြီး သွားလက်စခြေလှမ်းတွေကိုရပ်တန့်လိုက်ပြန်တယ်။
''ကော..ဘာဖြစ်လိုလည်း.. သွားမယ်လေ''
''နေဦး..ကျန့် ကိုယ်တခုခုကို မြင်လိုက်သလိုပဲ
ဒီစမ်းထဲမှာ တခုခုမြုပ်နေသလိုပဲ။''''ရှာကြည့်လေ ကော ''
''အင်းပါ..ကျန့်ခဏစောင့်နေနော်..''
ဝမ်ရိပေါ်ဟာ ဆွယ်မန်ဒရာစမ်းထဲ ခြေစုံရပ်လို့
ရှာဖွေရေးစတင်တော့တယ်။တဖြည်းဖြည်းနဲ့ ကောင်းကင်ပြင်ရဲ့လင်းရောင်ခြည်တွေဟာ အမဲရောင်ဘက်ဆီပြောင်းလဲလာတာကြောင့်..
''ကော ရှာလို့တွေ့လားဟင်။''
''မတွေ့သေးဘူး ကျန့်..ကိုယ်ဆက်ရှာလိုက်အုံးမယ်။''
''မြန်မြန်လုပ်ကော...အခြေအနေမကောင်းတော့ဘူး
မဟူရာနန်းတော်ထဲက အန်ကယ်ဂျော်ကို ပြန်ကယ်ရမယ်လေ။''''အင်းပါကွာ.. ခဏပဲ ''
ဝမ်ရိပေါ်ရဲ့ခြေထောက်တွေက စမ်းထဲကနေ မြေပြင်ပေါ်ပြန်တက်ရန်ပြင်စဥ်မှာတော့ သူ့ရဲ့ခြေထောက်တစ်ဖက်အောက်က ခပ်မာမာအရာတစ်ခုကြောင့်... သူ စမ်းယူကြည့်မိတော့တယ်။
အဝါရောင်မှော်နှင်းတံဟာ တချို့နေရာများတွင်
ပွန်းရာပဲ့ရာများရှိနေပေမဲ့ နှင်းတံရဲ့ ထိပ်ပိုင်းက
အဝါရောင်မှော်ကျောက်ကတော့ အရောင်တောက်ပလျှက်ရှိသည်။''ကျန့်...ဒါ အဝါရောင်မှော်နှင်းတံပဲ...
ဟိုမကောင်းဆိုးဝါးကြီးကို ထိန်းချုပ်ဖို့ နောက်ထပ်
မှော်နှင်းတံ နှစ်ခုလိုသေးတယ်။''''အဲ့ဒါက လက်ရှိအချိန်မှာ ရှိနေပါ့မလား ကော။''
''ကိုယ်တို့ရှာရမှာပေါ့ ကျန့်ရယ်..လမ်းစရထားပြီးပြီပဲဘာလို့ စိတ်မကောင်းဖြစ်နေတာလည်း။''
''သွားမယ်လေ ကော..ကျန့်အရမ်းအေးလာပြီ။''
''ကောင်းပြီ...အနီရောင်မှော်နှင်းတံ,အပြာနဲ့ အနက်ရောင်သေမင်းစာအုပ်လိုသေးတယ်။
ကိုယ်ရှာမှာပါ ကျန့်...''