"Yarrrrrr Kim Taehyung ထစမ်း"
"အာ....မထချင်သေးဘူး နားညီးတာကွာ သွားစမ်းပါ"
Jungkook ရဲ့မနက်ခင်းကိုစတင်တဲ့ပုံစံကတော့ သူငယ်ချင်းဖြစ်သူ Kim Taehyung ကိုနှိုးခြင်းဖြင့်စတင်ရသည် Taehyung နဲ့ Jungkook ကငယ်ငယ်လေးကတည်းကပေါင်းလာကြသည့်သူငယ်ချင်း ဒါပေမယ့် စရိုက်ကတော့တခြားစီ Jungkook ကအေးအေးဆေးဆေးနဲ့နေပြီးအရမ်းရှက်တတ်သည်
Taehyung ကတော့အဲ့လိုမဟုတ် ကျောင်းမှာဆိုလည်းလူမိုက်စာရင်းမဝင်ရုံတမယ် တွဲလိုက်တဲ့ကောင်မလေးတွေဆိုတာလည်းတောင်လိုပုံ တခါတခါရည်းစားထားရင်နှစ်ယောက်လောက်ပြိုင်တူထားတတ်တဲ့သူ ဒါပေမယ့် ဘယ်သူနဲ့မှကြာကြာမတွဲဘူး စိတ်ကုန်လာရင်အကြောင်းပြချက်တွေလျှောက်ပေးပြီးဖြတ်ပစ်လိုက်တာချည်း........
"ခွေးကောင် ထမှာလား မထဘူးလား ဒီနေ့ Tutorial ရှိတယ် မင်းမထရင်ငါသွားနှင့်တော့မယ် ငါ့ထဲကစာလာကြည့်ဖို့စိတ်မကူးနဲ့တော့ တာ့တာပဲ"
"ဟာ နေအုံး ထပြီ ထပြီ မင်းကလည်းစိတ်ချည်းပဲ"
"မြန်မြန်လုပ် ငါစိတ်မရှည်ရင်သွားနှင့်မှာ"
"အေးဟေ့ အေးဟ ဒါလည်းဝဋ်တမျိုးပဲ"
"ဘာ!!ခွေးကောင် ငါကလည်းလာနှိုးပေးရသေးတယ် ငါကမှဝဋ်ခံနေရတာ သိလား"
"စတာပါကွာ သွားတော့ သွားအောက်ထပ်မှာစောင့်နေ ငါရေချိုးတော့မှာ တူတူချိုးမလား"
Taehyung ပြောလိုက်တဲ့စကားကြောင့် Jungkook မျက်နှာတခုလုံးနီရဲသွားမှာအသေအချာ
"ဘာ...ဘာလို့ချိုးရမှာလဲ မင်း..မင်းလိုငပျင်းထင်မနေနဲ့ ချိုးပြီးသား သွားပြီ မြန်မြန်လုပ်"
"ဒါလေးမေးတာကို အပြောကခံရသေးတယ်"
"အပိုတွေပြောမနေနဲ့ ထ"
"အွန်း"
Jungkook Taehyung ကိုနှိုးပြီးအောက်ထပ်ကိုဆင်းလာခဲ့သည် အောက်ထပ်ကိုဆင်းလာတဲ့တလျှောက်သူ့ရဲ့ရင်ခုန်သံတွေကလှေကားထစ်တွေနဲ့အညီပိုမြန်ပြီးကျယ်လာသည် လှေကားတထစ်ဆင်းလိုက်တိုင်းရင်ဘတ်ထဲမှာဒိတ်ခနဲ
ဘာကြောင့်လဲ Taehyung ပြောလိုက်တဲ့စကားကြောင့်လား