"Jimin..."
"ဘာလဲ ပိုက်ဆံချေးမလို့လား ငါလည်းတစ်ပြားမှမရှိဘူးနော်"
"ဟာ...မဟုတ်ပါဘူး Jungkookရော..."
"ဟင်...မသိဘူးလေ မင်းနဲ့အတူတူလာတာမဟုတ်ဘူးလား"
"မဟုတ်ဘူး မနက်ကလည်းငါ့ကိုလာမခေါ်ဘူး ငါကသူရောက်နှင့်နေပြီထင်နေတာ..."
"ဖုန်းဆက်လိုက်လေ ငါကတော့သွားနှင့်တော့မယ် အတန်းစတော့မှာ"
"အေးအေး သွား"
Jimin class ထဲဝင်သွားတာနဲ့ Taehyung ကျောင်းရှေ့ပြန်ထွက်လာခဲ့ပြီး Jungkook ကိုဖုန်းဆက်ဖို့ပြင်သည်
"ဟယ်လို..."
"ဟယ်လို...Taehyung အဟွတ် ပြော..အဟွတ်"
"Jungkook....မင်းဖျားနေတာလား"
"အွန်း...နည်းနည်းပါ ကိုယ်...အဟွတ်...ပူတယ်ဆိုရုံလေး"
"အခုဘယ်မှာလဲ အိမ်မှာမလား"
"အွန်း..."
"ဘာစားပြီးပြီလဲ"
"မစား....အဟွတ်..မစားရသေးဘူး"
"ဆေးရောသောက်ပြီးပြီလား"
"မသောက်ရသေးဘူး..."
"နေအုံး ငါလာခဲ့မယ်"
"ဟင်...မလာခဲ့နဲ့...ဟယ်လို ဟယ်လို"
ထုံးစံအတိုင်း Jungkook ရဲ့စကားကိုနားမထောင်ဘဲ Taehyung ဖုန်းချသွားပြန်ပါသည် Taehyung နဲ့ဖုန်းပြောတဲ့အခါတိုင်း သူ့ဘက်ကနေအရင်ဖုန်းချသွားတာများသည် Jungkook ရဲ့စကားကိုနားမထောင်ဘဲနဲ့သူ့ကောင်မလေးနဲ့မို့လို့ဆိုပြီးတော့ဖုန်းချသွားတဲ့အခါမျိုးတွေဆိုတာမရေမတွက်နိုင်....ဒါပေမယ့် ဒီတခါတော့ Jungkook စိတ်ထဲမှာကြည်နူးနေမိသည် Taehyung ကသူ့ကိုစိတ်ပူနေသည်လေ.......ကိုယ်မြတ်နိုးရသူကကိုယ့်ကိုစိတ်ပူပေးနေသည့်ခံစားချက်သည်တကယ်ကိုကြည်နူးရပါသည်.....သို့သော်လည်းသူ့ဘက်ကတော့ငါ့ကိုသူငယ်ချင်းလို့ပဲသဘောထားတာပဲလေဆိုပြီးတော့ပဲ တွေးရင်း Jungkook သက်ပြင်းချလိုက်မိပြန်ပါသည်...
စောင်ပုံထဲကိုတိုးဝှေ့ရင်း Taehyung ကိုစောင့်မျှော်နေမိတော့သည်....
.
.
.
"Yarrrr....Jeon Jungkook"ခဏကြာတော့ဧည့်ခန်းထဲကနေ Taehyung ရဲ့အသံကိုကြားရပါတော့သည်
"လာ...လာပြီ"