"Jungkook..."
"ဟင် ပြောလေ"
"Taehyung ဆီကအဆက်အသွယ်ရသေးလား"
အတန်းထဲမှာစာထိုင်လုပ်နေတုန်း Jimin ရဲ့စကားကြောင့် Jungkook ရဲ့စာရေးနေတဲ့လက်ကရပ်တန့်သွားသည်...
"မရပါဘူး ငါလည်းမသွားဘူး"
"မင်းနဲ့ဖြစ်တာကထားပါတော့ အခုဟာကငါ့ကိုတောင်အဆက်အသွယ်မလုပ်ဘူး ကျောင်းလည်းလာမတက်ဘူး"
Taehyung ကျောင်းလာမတက်တာတော်တော်ကြာသွားပြီဖြစ်သည်...သူကဝေးဝေးနေဖို့ပြောပြီးကတည်းကပေါ်မလာတော့တစ်လနီးပါးရှိနေပြီဖြစ်သည်...သူလည်း Taehyung ရဲ့တိုက်ခန်းကိုမသွားသလို Taehyung ကလည်းသူ့စကားအတိုင်းပေါ်မလာပါ...စိတ်ပူတာပေါ့ ဒါပေမယ့်သူမပတ်သက်ချင်တော့တာတော့အမှန်ပါ...
"ဖုန်းဆက်ကြည့်လေ.."
Jimin ကိုကြည့်ကာပြောသည်..
"ဆက်တယ် နေ့တိုင်းဆက်တာ အဲ့တာကိုမကိုင်ဘူး"
"ငါလည်းမသိတော့ဘူး အဲ့တာဆို"
Jimin ရဲ့ဆက်ပြောမဲ့စကားတွေကိုဥပေက္ခာပြုကာစာကိုပဲအာရုံစိုက်ကာဆက်လုပ်နေလိုက်သည်....
"ဟိုနေ့ကတော့ Taehyung soju ပုလင်းတွေဝယ်သွားတာတွေ့တယ်တဲ့ Markပြောတာပဲ"
ဥပေက္ခာပြုနေရင်းနဲ့ကို Jimin ရဲ့စကားကြောင့် Jungkook တွေဝေသွားပြန်ပါသည်...
*သူ...အရက်တွေပဲသောက်နေတာလား..*
.
.
.
"ဟင့်....ရွှတ်..."အမှောင်ကျကာတိတ်ဆိတ်နေသည့်တိုက်ခန်းတစ်ခုရဲ့ဧည့်ခန်းထဲကနေရှိုက်သံတွေထွက်နေလေသည်...စားပွဲပေါ်မှာလည်း soju ပုလင်းတွေနဲ့ရှုပ်ပွနေသည်....ဆေးလိပ်
ပြာတွေကလည်းပန်ကာရဲ့လေတိုက်တဲ့ဦးတည်ဘက်အတိုင်းလွင့်နေလေသည်...."ငါ...ငါတကယ်တောင်းပန်ပါတယ် တ...တကယ်တောင်းပန်ပါတယ် Jungkookရာ.....ရွှတ်"
မျက်ရည်တွေအဆက်မပြတ်ကျဆင်းနေသည့်မျက်လုံးအစုံနှင့် မျက်နှာချင်းဆိုင်ကထိုင်ခုံကိုအမှတ်မထင်လှမ်းကြည့်လိုက်မိသည်...ထိုအခါသူစာမလုပ်လို့သူ့ကိုဆူနေသည့် Jungkook ရဲ့ပုံရိပ်ကပေါ်လာပြန်သည်...