ချစ်ရသူကကိုယ့်အနားမှာအမြဲတမ်းရှိနေတဲ့ခံစားချက်ကတော်တော်ကြည်နူးဖို့ကောင်းမှာပဲနော်......အခုတော့ Jungkook တစ်ယောက်တည်း tteokbokki ဆိုင်ထဲမှာထိုင်စောင့်နေတာတစ်နာရီကျော်ကြာသွားပြီဖြစ်သည်....
သူ့နောက်မှရောက်တဲ့သူတွေတောင်ပြန်သွားကြတဲ့အချိန်ထိ Taehyung ရောက်မလာခဲ့ပါ....အစပ်မစားနိုင်တဲ့ Taehyung အတွက်သူရောက်လာရင်တန်းစားရအောင်ဆိုပြီးမှာပေးထားတဲ့ tteokbokki ပန်းကန်လေးကိုသာမှိုင်တွေပြီးထိုင်ကြည့်နေမိသည်.....ဖုန်းဆက်ပြီးဝုန်းဒိုင်းကြဲလိုက်ချင်ပေမယ့် ငါဆက်လိုက်လို့အနှောက့်အယှက်ဖြစ်သွားမလားဆိုတဲ့စိတ်ကြောင့်မဆက်ဘဲနေမိသည်...."ငါကိုကတစ်ယောက်တည်းမျှော်လင့်ချက်တွေထားနေတာပါ.....ဟက်"
နာကျင်မှုတွေပြည့်နေတဲ့အသံနဲ့တစ်ကိုယ်တည်းကြားရုံခပ်တိုးတိုးပြောကာ မဲ့ပြုံးပြုံးလိုက်မိသည်...ကျလုဆဲဆဲဖြစ်နေသည့် မျက်ရည်တွေကိုထိန်းချုပ်ကာ ပိုက်ဆံရှင်းပြီးပြန်ဖို့ပြင်သည်....အိမ်အပြန်လမ်းဟာခြောက်ကပ်စွာ....
ထိုတစ်ညလုံး Taehyung သူ့ကိုဖုန်းလေးတစ်ခါတောင်မဆက်ခဲ့ပါ....မျက်ရည်တွေကိုသာအဖော်ပြုရင်း.....
.
.
.
"Jungkook...ငိုထားတာလား မျက်လုံးတွေနီနေတယ်"ကျောင်းရောက်တော့ Jimin ကသူ့မျက်နှာကိုသေချာကြည့်ပြီးမေးသည် မနေ့ညက Taehyung ကသူ့ကိုဖုန်းမဆက်သလိုသူကလည်းဖုန်းမဆက်ခဲ့ပါ...သူကသာရူးမတတ်ခံစားနေရပေမယ့် Taehyung အတွက်ကတော့သူ့ထက်အရေးကြီးတဲ့အရာတွေရှိနေနိုင်တာပဲလေ...တကယ်တော့ Taehyung ကဘယ်တုန်းကမှသူ့ဘက်ကိုလေးလေးနက်နက်မတွေးပေးဘူးပါ ဒါကိုသိနေရက်နဲ့လည်းရူးလောက်အောင်ချစ်မိနေတာ သူမှားတာပေါ့နော်...
"မ..မဟုတ်ပါဘူး ငါ..ငါအိပ်ရေးပျက်ထားလို့ပါ"
Jimin ဆီကအကြည့်လွှဲကာမျက်လုံးကိုပွတ်ရင်းပြောသည်...
"Jungkook...ငါ့ကိုမလိမ်ပါနဲ့ မနေ့ကဘာဖြစ်ခဲ့လို့လဲ Taehyung နဲ့ရန်ဖြစ်ထားတာလား"
သူ့ဘက်ကိုနားလည်ပေးတတ်လွန်းသည့် Jimin ကိုကြည့်ကာပြုံးပြလိုက်မိသည် ဒါပေမယ့် မျက်ဝန်းထဲကကြည်လဲ့လဲ့မျက်ရည်ဥလေးတွေကို Jimin မြင်လိုက်ရပါသည်