"Jungkook နေကောင်းသွားပြီလား"
"အွန်းကောင်းသွားပြီ ကိုယ်ပူရုံလေးပါ မိုးမိသွားလို့..."
Jungkook နဲ့ Jimin corridor မှာစကားရပ်ပြောနေကြခြင်းဖြစ်သည်
"အော် အေးပါ ကောင်းသွားပြီဆိုပြီးတာပဲ Taehyung ရော.."
"လာတာတော့ငါနဲ့အတူတူလာတာပဲ သူ့ကောင်မလေးကိုတွေ့လို့ထင်တယ် ဘယ်ပျောက်သွားမှန်းမသိဘူး"
Jungkook ဟန်ဆောင်ပြုံးကာပြောလိုက်သည်
"Jungkook...Taehyung အပေါ်မှာစိတ်ရှိသေးလား...."
"ဟင်...ထင်..ထင်တာပဲ"
Jungkook Taehyungကိုချစ်နေသည်ဆိုတာ Jimin တယောက်တည်းသိသည်...အဲ့တာကလည်းမတော်တဆသိသွားခြင်းဖြစ်သည် တစ်နေ့မှာ Jungkook Taehyung ရဲ့ပုံတူပန်းချီကိုဆွဲနေရင်းပုံရဲ့ဘေးမှာ "ငါမင်းကိုချစ်တယ် Kim Taehyung"ဟုရေးလိုက်မိသည်...Jungkook ထင်ထားခဲ့သည်ကပန်းချီခန်းထဲမှာသူတစ်ယောက်တည်းရှိတယ်လို့ထင်ထားခဲ့ခြင်းဖြစ်သည် ဒါပေမယ့် Jungkook မှားသွားခဲ့သည် ထိုအချိန်မှာ အနောက်ကနေ Jungkook ကိုအပြင်သွားဖို့စောင့်နေသည့် Jimin ကရောက်နေခဲ့သည်...Jimin ကထိုစာကိုမြင်သွားကာ သိသွားခဲ့ခြင်းဖြစ်သည် Jimin ကသူ့ကိုဖွင့်ပြောဖို့အားပေးသည် သို့သော်သူကြောက်ရွံနေမိသည်...သူဖွင့်ပြောလိုက်ရင်Taehyung ကသူ့ကိုမုန်းသွားမလားဆိုတဲ့အတွေးနဲ့တင်လူကရူးမတတ်...
"ဖွင့်ပြောလိုက်တော့လေ"
"တော်..တော်ပါပြီ ငါဒီအတိုင်းပဲအဆင်ပြေပါတယ်..."
"ဟာ...မင်းဟာကြီးကမဟုတ်သေးပါဘူး"
"သူ...သူငါ့ကိုမုန်းသွားမှာကိုမလိုချင်ဘူး အဲ့တာကြောင့်ငါဒီတိုင်းအဆင်ပြေပါတယ် အခုလည်းသူနဲ့နီးနီးကပ်ကပ်နေနေရတာပဲလေ..."
Jungkook ကျလုဆဲဆဲဖြစ်နေသည့်မျက်ရည်တွေကိုထိန်းချုပ်ကာပြောလိုက်သည် Jimin လည်းသက်ပြင်းချကာ ခေါင်းညိမ့်ပြရုံမှလွဲဘာမှမတတ်နိုင်တော့ပေ....
"Jungkook.."
ထိုအချိန်တွင် corridor ထိပ်မှ Taehyung ရဲ့အော်ခေါ်သံကိုကြားလိုက်ရသည်..
"ဆောရီး ဟဲဟဲ ငါ့ကောင်မလေးနဲ့တွေ့နေလို့"
"အွန်း..ရတယ် ငါလည်းအခုသွားတော့မှာ ခဏနေ class စတော့မှာ"