Part-10

16.7K 1.6K 114
                                    

"ပြန်လိုက်ခဲ့ပါ သားငယ်ရယ် မေမေတောင်းပန်ပါတယ်...နောက်တခါ ဂျီဟွန်း ...သားကို မနှောက်ယှက်အောင် မေမေသေချာဆုံးမ ပေးပါ့မယ်"

မျက်နှာချင်းဆိုင် ခုံမှာ ထိုင်နေသော မေမေက ထယ်ယောင်း ပါးလေး၂ဖက်ကို အုပ်ကိုင်ကာ ဝမ်းနည်းစရာကောင်းသော စကားကိုဆိုလေ၏။

" ဂျီဟွန်းကြောင့် မဟုတ်ပါဘူး‌ မေမေရယ် ..သားအမေ့ဆီမှာ ပြန်နေချင်လို့ပါ...သားတောင်းပန်ပါတယ်နော် မလိုက်တော့ဘူးမေမေ...တခါတလေ သားမေမေတို့ဆီ လာလည်ပါ့မယ်"

မေမေက မျက်ရည် ပိုးပိုးပေါက်ပေါက်ကျလာပီး ထယ်ယောင်းကို ဆွဲဖက်ကာ...

"သား ...မေမေမခွဲနိုင်ဘူးလေ အဟင့်...သားငယ်လေးကို မေမေမှမခွဲနိုင်တာ"

"သား....ယောင်းငယ်.... သားမေမေ အရမ်းစိတ်ထိခိုက်နေရတာ မို့ ပြန်လိုက်ခဲ့ပါသားရယ်"

ဖေဖေကလဲ တောင်းဆိုလာသည်။ကိုကိုကတော့ အံကြိတ်လို့သာ‌ မေမေ့နောက်တွင် မတ်တပ်ရပ်လို့နေသည်။

အမေနဲ့ မမကတော့ ဘေးက ပရိသတ်တွေလိုပဲ အင်မတန် အားငယ်ရိပ်သန်းသော မျက်လုံးများဖြင့်သာ စောင့်ကြည့်လို့နေသည်။သနားစရာကောင်းသော အမေနဲ့ မမကို ဘယ်လို ထားခဲ့ရမလဲ? ပီးတော့ ဂျီဟွန်း...ဂျီဟွန်းနဲ့ ကိစ္စ‌တွေ ထပ်ဖြစ်ရင် ဒီတခါ သူခံနိုင်ရည်ရှိမှာ မဟုတ်တော့ဘူး

အရမ်းလိုက်ချင်သော်လည်း သူဘယ်လိုမှ ပြန်လိုက်သွားလို့ မဖြစ်တာမို့ ငြင်းရန်သာပြင်လိုက်သည်။

"မေမေနဲ့ဖေဖေ ပီးတော့ ကိုကို ....ယောင်းတောင်းပန်ပါတယ်...ယောင်းဒီမှာပဲ နေပါရစေနော်"

ထိုစကားအဆုံး ယောင်းလက်ကောက်ဝတ်လေးကို စောင့်ဆွဲကာ အပြင်ကို တရွတ်တိုက်ဆွဲခေါ်လာသောကိုကို..

တခါမှ ကိုကို့ရဲ့ ယောင်းအပေါ် မကြမ်းတမ်းဘူးသော ပုံစံကြောင့် ဝမ်းနည်းလို့နေသည်။လက်ကလဲ နာ‌နေပီ...

"အ...ကိုကို လွှတ်ပါဦး...သား နာလာပီ"

ကိုကိုက ဆိုင်နဲ့ အနည်းငယ်လှမ်းလာပီး လူရှင်းသော သစ်ပင်ကြီးအောက် အရောက် လက်ကို လွှတ်လိုက်ပီး....

 Jeon Are Mine (Complete)-Uni+ZawGWhere stories live. Discover now