Extra

20.8K 1.4K 65
                                    

"ယောင်းရေ~ပီးပီလား သွားရအောင်"

"ဟုတ်ကဲ့ ..ကိုကို လာပီ"

အခုဆိုရင် ထယ်ယောင်းနဲ့ ဂျောင်ကုရဲ့ အိမ်ထောင်သက်ဟာလဲ ၂နှစ်ပြည့်ခဲ့ပီမို့ သံယောဇဉ်ကြိုးကလဲ ပိုမိုခိုင်မာလာပီဖြစ်သည်။

ထယ်ယောင်းရဲ့ ကလေးလိုချင်တယ်ဟု ပူဆာမှုကြောင့် အငှားကိုယ်ဝန်ဆောင်စေကာ ကလေးယူရန်ကိစ္စ အောင်မြင်ပီး ကလေးလေးဒီနေ့‌ မွေးတော့မှာမို့ ဆေးရုံသို့သွားရန် ပြင်နေကြခြင်းဖြစ်သည်။

ယောက်ကျားလေးခြင်း လက်ထပ်ထားတာဖြစ်သည့်အတွက် အစထဲက ကလေးဆိုတာ မစဉ်းစားခဲ့ပေမဲ့ ကိုကို့ရင်သွေးလေးလိုချင်ပါတယ်ဆိုသော ယောင်းရဲ့ ပူဆာသံလေးကြောင့်
သုတ်ပိုး၂ခုပေါင်းစပ်စေကာ ကလေးရယူစေမည်။

ပျော်ရွှင်နေသော ထယ်ယောင်းမျက်နှာလေးကို တချက်ငုံ့နမ်းလိုက်တော့ ဟီးခနဲ ရီပြသည်က လေးထောင့်အပြုံးလေးများ....

"အဲ့လောက်တောင် ပျော်နေတာလား?ဟင်! အသက်လေးက"

"ပျော်တာပေါ့ ကိုကိုကလဲ အခုဆိုရင် ယောင်းက ကိုကိုနဲ့အတူတူ မိသားစု ဘဝလေးတည်ဆောက်ရတော့မယ်လေ"

"ဟုတ်ပါပီ~ကလေးရပီဆိုပီး ကိုကို့ကို ဂရုမစိုက်ဘဲ ပစ်ထားလို့တော့မရဘူးနော် "

"အင်းပါ~ကိုကိုကလဲ"

ဆေးရုံသို့ရောက်သောအခါ အငှားကိုယ်ဝန်သည် ခွဲစိတ်ခန်းထဲ ဝင်နေတုန်းမို့ စောင့်နေရသည်။ထယ်ယောင်း‌ ရော ဂျောင်ကုရော စိတ်တွေလှုပ်ရှားနေခဲ့တာ အမှန်ပင်ဖြစ်မည်။

"CEO Jeon ဒီမှာ ရှင်တို့ကလေးပါ~လောလောဆယ် ပိုးသတ်ခန်းထဲ ထားရဦးမှာမို့ ချီလို့မရသေးပါဘူးရှင်"

ခွဲခန်းထဲက ဆရာမက ကလေးလေးချီပီးထွက်လာပီး ဂျောင်ကုတို့ကို လာပြသည်။
ဘယ်လိုပြောရမလဲ အဲဒီ့အပျော်က ဘာနဲ့မှမတူဘူး။

ကိုကိုနဲ့သူ့ရဲ့ သွေးသားလေးဆိုတဲ့ အသိကလေ စိတ်ကို တမျိုးကြီးဖြစ်စေတယ်။ကိုယ်တိုင်မမွေးခဲ့ရပေမဲ့ ကလေးလေးကို ကြည့်နေမိတဲ့ အခိုက်အတန့်ဟာ ကမ္ဘာပေါ်မှာ အပျော်ဆုံး အချိန်လို့တောင် ပြောလို့ရတယ်။

 Jeon Are Mine (Complete)-Uni+ZawGWhere stories live. Discover now