Part-17

15.8K 1.5K 79
                                    

"ကျေးဇူးရှင်ကို ဒီနည်းနဲ့ဆပ်လိုက်တာလား ကင်ထယ်ယောင်း....မင်းတို့ မောင်နှမနှစ်ယောက်စလုံးကို ငါရုံးကန်ပီးကျွေးမွေးခဲ့ရတာ..အခုငါ့ညီက ဒီလိုမသေရုံတမယ် ဖြစ်နေပီ"

"ခင်ဗျား စကားကို ဘယ်လိုပြောတာလဲ ခင်ဗျားညီဘာလုပ်နေလဲသိလား....တောက် အသေသတ်ပစ်ရမှာ"

ဂျောင်ဝူးပြောသမျှကို ငြိမ်ခံနေသော ထယ်ယောင်းနဲ့ ဆူဟွန်း... ကျေးဇူးတရားရှိတိုင်း ဘာလုပ်လုပ်ငြိမ်ခံနေရမတဲ့လား....

"မင်းကထယ်ယောင်းနဲ့ ဘာဆိုင်လို့ ဒီလို ပြောနေရတာလဲ မင်းကို ငါ့ညီကို ကိုယ်ထိလက်ရောက်စော်ကားမှုနဲ့ တရားဆွဲမှာ"

"အကိုဂျောင်ဝူး....ကျွန်တော်တောင်းပန်ပါတယ်...တရားတော့မဆွဲပါနဲ့"

"ယောင်း မင်းဘာမှ တောင်းပန်စရာမလိုဘူး....ဒီ‌ခွေးမသားကို ငါတို့က တရားပြန်စွဲလို့ရတာမမေ့နဲ့"

"ဘာကွ...ခွေးမသားဟုတ်လား"

"မောင်...တော်ပါတော့ အဟင့်"

အကိုဂျောင်ဝူးက ကိုကို့ကို ဆွဲထိုးရန်ပြင်နေသည်မို့ မမက ငိုယိုကာ အကိုဂျောင်ဝူးကို တားနေရသည်။ယောင်းလဲ ကိုကို့ကို အနောက်ကနေဆွဲထားရ‌သေးသည်။အကိုဂျောင်ဝူးက သူ့ညီကို သိပ်ချစ်တာမှန်ပေမဲ့ အခုလို လီဝူး လုပ်ရပ်ကြီးကို ဘာမှ ‌မပြောဘဲနေနေတာတော့ အံဩမိသည်။ဒါပေမဲ့ ယောင်းသည်းခံရမှာပေါ့ မမမျက်နှာရှိသေးသည်လေ။

"တော်ပါတော့ ကိုကိုရယ် ဆေးရုံကြီးမှာလေ"

လီဝူး ဆေးရုံတက်ရတော့ ထယ်ယောင်းတို့လဲ လိုက်ခဲ့ရသည်မို့ အလုပ်လဲမသွားဖြစ်။ကိုကိုကတော့ Companyမှာ အရေးကြီးတဲ့လူမို့ သွားခိုင်းရန်ပြင်လိုက်သည်။

"ကိုကို....company သွားတော့လေ ယောင်းကအခြေအနေစောင့်ကြည့်ရမှာမို့ ဒီနေ့ တရက်လောက်ခွင့်ပေးပါနော်"

"ဟူးးးး ထယ်ယောင်း မင်းအဲ့ဒီ့အိမ်မှာ ဆက်နေဖို့မစဉ်းစားနဲ့တော့ ငါနဲ့ လာနေဖို့ ပြင်ထားတော့"

ကိုကိုအလွန်ဒေါသထွက်နေတာမို့ မငြင်းရဲပါ။
သို့သော် ကိုကို့အိမ်မှာလိုက်နေဖို့တော့ ဘယ်လိုမှ မဖြစ်နိုင်။

 Jeon Are Mine (Complete)-Uni+ZawGTahanan ng mga kuwento. Tumuklas ngayon