Part-12

16.5K 1.7K 46
                                    

"ထယ်ယောင်းရေ.....အဆင်သင့် ဖြစ်ရင်သွားတော့လေ အင်တာဗျူး ဖြေရမဲ့နေ့မှာမှ နောက်ကျလို့မဖြစ်ဘူးလေ."

"ဟုတ်ကဲ့ပါ..မမရဲ့ ပီးပါပီ...ကျွန်တော်သွားတော့မယ်"

"နေဦး မမယောက်ကျားကို လိုက်ပို့ခိုင်းပေးမယ်"

"အာ...နေပါ‌စေ အကို ဂျောင်ဝူးက ဆွန်ဝူးလေးကို မူကြိုပို့ရမှာနဲ့၊အလုပ်တဖက်နဲ့ဟာကို ရတယ်ရတယ်မမ"

ဟုတ်ပါသည်။မမတောင် အိမ်ထောင်ကျသွားခဲ့ပီး တူမလေးပါ ‌မွေးထားခဲ့ပီးပီ....
အချိန်တွေကုန်လာလိုက်တာ ထယ်ယောင်းတောင် အသက်၂၂ပြည့်ပီး အလုပ်စလုပ်ရတော့မယ်...အလုပ်သင်အနေနဲ့ပေါ့...

6နှစ်ကျော်ခဲ့ပီ.....
ကိုကိုထွက်သွားတဲ့နေ့ကစပီး တရက်လေးမှ မေ့မရခဲ့ပေမဲ့ ကိုကို့ဆီလဲ မသွားဖြစ်တော့ဘူး..
အခုချိန်ဆို ကိုကိုပြန်ရောက်ရောပေါ့...
ဝေးဖို့အကြောင်းဖန်လာရင် ဝေးကို ဝေးတယ်တဲ့ကိုကိုရေ...ထယ်ယောင်းနီးစပ်ဖို့ ကြံခဲ့ပေမဲ့ ကံတရားက မျက်နှာသာမှ မပေးခဲ့တာ...

ထိုနေ့ကို မှတ်မိပါသေးသည်။သတိလစ်မတတ် ငိုခဲ့ရတဲ့ နေ့ကလေးပေါ့....

~~~~~~~~~

Flash Back

ကိုကိုနဲ့ စကားပြောခဲ့ပီးနောက် အိမ် ပြန်လာခဲ့ပီး ထယ်ယောင်းလဲ တွေဝေခဲ့မိတယ်။ကိုကို့နောက်လိုက်ချင်ခဲ့မိတယ်။ ကိုကိုစိတ်ဆိုးတာကို တကယ်ကြောက်မိတာမို့ ထယ်ယောင်း စဉ်းစားမိခဲ့တယ်..
အိမ်ရောက်တော့ မျက်နှာမကောင်းတဲ့ ထယ်ယောင်းကို အမေက မေးလာတော့ အမှန်အတိုင်းပြောပြလိုက်သည်။အမေက သူ့ကို မကြည့်ပါနဲ့ သူအဆင်ပြေတာမို့ လိုက်သွားပါဟု တိုက်တွန်းခဲ့သည်။မမကလဲ ထယ်ယောင်း ဘဝအဆင်ပြေနေရင် ကျေနပ်ပါပီ ဆိုလို့ ထယ်ယောင်းလဲ ကိုကိုနဲ့လိုက်ရန်စဉ်းစားမိသည်။

မနက်ရောက်တော့ ထယ်ယောင်းလဲ ဆုံးဖြတ်ချက်ချပီး ကိုကို့အိမ်ကို လိုက်သွားခဲ့ပေမဲ့ အိမ်တံခါးပိတ်ထားခဲ့တာသာ တွေ့ခဲ့ရသည်မို့ ပြန်လာခဲ့ရသည်။နောက်မှ မေ‌မေ ပြန်ပြောလို့ သိခဲ့ရတာက နိုင်ငံခြားမသွားခင် တပတ်လောက် ဘူဆန်ကို မိသားစုလိုက်အလည် သွားကြတာတဲ့။တပတ်ကြာတော့ ထယ်ယောင်းလဲ ကိုကို့ဆီသွားခဲ့ပေမဲ့ ကိုကိုက ဂျီဟွန်းနဲ့အတူ လေယာဉ်ကွင်းသွားပီတဲ့လေ.....

 Jeon Are Mine (Complete)-Uni+ZawGTempat cerita menjadi hidup. Temukan sekarang