Part-19

15.6K 1.3K 121
                                    

"ဟုတ်ကဲ့...ပြောလိုက်ပါ့မယ်ရှင့်"

"......."

"ဟုတ်ကဲ့...စိတ်ချပါရှင့်"

တဖက်လုပ်ငန်းရှင် ဖုန်းချသွားပီးသည့်‌နောက် ယွန်းဆယ်လဲ အကိုဂျောင်ကုရှိရာ အခန်းထဲသို့ ဝင်လာလိုက်သည်။

"ဒေါက်...ဒေါက်"

"ဝင်ခဲ့ပါ"

"CEO ... Hundai Company က ဒီနေ့ည ရှယ်ယာရှင်များ Dinnerရှိလို့ ဖိတ်ထားပါတယ်..
အဲတာ လာပြောပေးတာပါ..ည ၇နာရီ စမယ်တဲ့။
ပါတနာ ခေါ်ခဲ့လို့ရတယ်ပြောပါတယ်"

"ကောင်းပီလေ...တက်ရမှာပေါ့။ရပီ ပြောစရာရှိသေးလား..ပြောစရာမရှိတော့ရင် ထယ်ယောင်းကို လွှတ်ပေးပါ"

"CEO ....ဟိုဟာ..ပါတနာက ယွန်းဆယ် လိုက်ပေးမယ်လေ"

"မလိုပါဘူး...ရတယ် ထယ်ယောင်းပဲ ခေါ်သွားလိုက်မယ်"

"ဘာလို့လဲ? ပွဲတက်ရင် CEOတယောက်ရဲ့ ပါတနာက ယွန်းဆယ်လို မိန်းကလေးပဲ ဖြစ်သင့်တာ မဟုတ်ဘူးလား"

"အဲတာ ငါ့ကိစ္စပါ ... မင်ဟီး..ထယ်ယောင်းကိုလွှတ်ပေးပါ"

ယွန်းဆယ်ကို ပြောနေရင်းနဲ့ အပြင်အခန်းကို ဆက်သွယ်ရသည့် ခလုတ်နှိပ်ကာ staff တယောက်အား ထယ်ယောင်းကို ခေါ်ခိုင်းနေသည့် အကိုဂျောင်ကု တစိတ် မလွန်လွန်းဘူးလား?

ထယ်ယောင်းဝင်လာပီးနောက် ယွန်းဆယ်လဲ ထယ်ယောင်းကို တချက် စိုက်ကြည့်ကာထွက်သွားလေသည်။

တွေ့ကြသေးတာပေါ့ ! ကင်ထယ်ယောင်းရယ်။အကိုဂျောင်ကုက ငါ့အပိုင်ပဲ ဖြစ်လာစေရမှာ။
ဟိုတပတ်က ဂန်လီဝူးနဲ့ တွေ့ခဲ့တုန်းက လက်မခံခဲ့တဲ့ အစီအစဉ်ကို အခုလက်ခံရတော့မှာပေါ့....

ဂန်လီဝူး ဆိုတာ သူမ ဩစီက ပြန်လာတုန်းက ခနတာ ကလပ်မှာတွေ့ပီး တွဲခဲ့တဲ့သူ။
ဆေးစွဲပီး ပျက်စီးနေတဲ့ ဂန်လီဝူးကို ရုပ်လေးချောလို့သာ ၂ကြိမ်လောက်အတူနေပီး အပျော်တွဲခဲ့တာ..တပတ်ထက်မပိုခဲ့။
ဂန်လီဝူးလဲ သူမကို အပျော်တွဲခဲ့ရုံသာမို့ သူမတို့ကြားက ဘာပြသနာမှမရှိခဲ့။

ဂန်လီဝူးက ထယ်ယောင်းကို စွဲလမ်းနေတာပဲ။အမြဲထယ်‌ယောင်းဘေးမှာ ဂျောင်ကုရှိနေသည်မို့ အခွင့်အရေးမရသေးတာဖြစ်မည်။ ဘာလို့ ရှိသမျှယောက်ကျားတွေက ထယ်ယောင်းပဲလဲ? အဲတာအရေးမကြီးဘူး...

 Jeon Are Mine (Complete)-Uni+ZawGWhere stories live. Discover now