အပိုင်း ၁

419 52 32
                                    

" အင့် ဟာ့ ~~  ဘော့ ရှီ ~~ ဗားလ်~~ အာ့ ဟာ့ ''

လှိုဏ်ဂူထဲဝင်ခါနီးမှာကြားလိုက်ရတဲ့ ငြီးသံကြောင့် ဘော့ရှီပုခုံးထက် မှ သမင်သေကို ပစ်ချလိုက်ကာ ဂူထဲကိုအမြန်ပြေးဝင်မိလိုက်တော့သည် ။

ကိန်းရဲ့အသံကပုံမှန်မဟုတ်ဘူး ။ ဘာဖြစ်နေတယ်ဆိုတာအတိအကျတော့မခန့်မှန်းတတ်ပေမယ့်  အဲ့တာက နဲနဲတော့စိုးရိမ်စရာကောင်းသည်။

"  ကိန်း!! မင်းဘာဖြစ်တာလဲ!!! "

" ဗားလ် ~~ဟာ့  ဟာ့ ပူတယ် ။ မ က်စ်~~မ က်စ် ဟာ့ မ က်စ် ။ မ က်စ် နဲ့ တွေ့ ချင်~~~တယ် ''

ဂူထဲ မြင်မြင်ချင်းးမှာတွေ့လိုက်ရတာက မျက်နှာတစ်ခုလုံးနီရဲနေပြီး ချွေးသီးချွေးပေါက်တွေပြည့်နေတဲ့ကိန်းပင် ။ အံကြိတ်ပြီးတောင့်ခံနေပေမယ့် ထိန်းချုပ်နိုင်စွမ်းမရှိမှုကြောင့် သူ့ရဲ့ ငြီးသံတွေက အပြင်ကိုထွက်လာခြင်းပင် ။

ကူကယ်ရာမဲ့နေသယောင် ရွှေရောင်မျက်ဝန်းတို့က ဘော့ရှီထံမှအကြည့်လွှဲရင်း

" ဗားလ်~~~ ဂူပေါက်~~ဂူပေါက် ပိတ်ပြီး သွားတော့ ။ ငါ ငါ~~~ ငါ့ရဲ့ မိတ်လိုက်ရာသီ~~ရောက်နေပြီ ''

" အ အရမ်းတောင့်ခံမနေနဲ့ ။ တစ်ခုခုဆို ငါအပြင်မှာရှိနေမယ် ''

" အာ့ အင်း ''

ဘော့ရှီ ချက်ချင်းပဲဂူပြင်ကိုထွက်လာပြီးနောက်ကျောက်တုံးကြီးကြီးတစ်ခုနဲ့ဂူပေါက်ကိုပိတ်လိုက်တော့တယ် ။

ကိန်းက တောင်ပံ ခြင်သေ့မျိုးနွယ်ကမလို့ မိတ်လိုက်ရာသီဆိုတာရှိလာမှာပဲ ။ ကိန်းနဲ့ဘော့ရှီအတူရှိလာတာ သုံးနှစ်ရှိနေပြီဖြစ်ပေမယ့် ကိန်းက ဘယ်အချိန်မှာ စိတ်ကြွတတ်လဲဆိုတာကို ဘော့ရှီမမှတ်မိနိုင်။ တစ်နှစ်ကို နှစ်ကြိမ်တော့ ဖြစ်စမြဲပင် ။

ကိန်း ရဲ့ ရာသီရောက်ပြီဆိုရင်လဲ ဂူထဲနှစ်ရက်လောက်အောင်းနေပြီး သူ့heat cycleပြီးချိန်မှသာ ဘော့ရှီနဲ့ ပြန်စကားပြောလေ့ရှိသည် ။

မှောတိုင်းပြည်က လူတိုင်းမှာ heat cycleကတော့ရှိစမြဲပဲ ။ တစ်ယောက်နဲ့တစ်ယောက်ကြာချိန်မတူရင်သာနေမည် ။

Called '' VERL" (((Hiatus)))Where stories live. Discover now