'' နေဝင်ပြီ~~ ''
အက်ကွဲကွဲအသံနဲ့ မိစ်ဆာ ကောင်ရဲ့အသံအဆုံးမှာ ဂွန်လည်း ခပ်ဟ ဟ ပြတင်းတံခါးမှသည် ေပ်ာက္ကြယ္သြားေနပြီဖြစ်တဲ့နေဝန်းကြီးကို ငေးငိုင်ကြည့်မိလျက်။
'' သတ်လိုက်ရတော့မလား ''
'' အရှင်က သတ်မိန့်ပေးပြီးပြီမလား ''
'' အေး နေဝင်လို့မှမပြောရင်သတ်ဖို့ပြောထားတယ် ''
'' အဲ့တာဆိုလည်းသတ်လိုက်တော့ ''
ဘေးနားမှ မိစ်ဆာ ကောင်တွေရဲ့ တိုင်ပင်သံတွေကို နားထောင်ဖို့အတွက် ဂွန်စိတ်မဝင်စားတော့ ။ မျက်ဝန်းတို့ကို အသာအယာ မှိတ်ချလျက်သာ ငြိမ်ငြိမ်လေးလှဲနေမြဲ ။
အခုလောက်ဆို ဆရာရော ~~~ ဗားလ်နဲ့အတူ လွတ်မြောက်သွာသလောက်ပြီလို့ ထင်တယ်။
ဂွန့်အတွက် ဒီပေးဆပ်မှုက တန်ပါတယ်။ ဂွန့်အသက်နဲ့ ဆရာတို့သုံးယောက်ကို ဘေးကင်းဖို့လုပ်ဆောင်နိုင်ပြီလေ ။
ရုတ်တရက်ဆိုသလို လဲကျနေတဲ့ဂွန့်ကို ဆံပင်ကနေဆွဲကာ မော့စေလိုက်တဲ့ မိစ်ဆာ တစ်ကောင်။ ဒါကနာကျင်ရပေမယ့် ခန်ဓာကိုယ်ပေါ်မှနာကျင်မှုတွေနဲ့ယှဉ်ရင် အသေးအမွှားလေးမလို့ ဂွန်သည်းခံနေရုံသာ။
'' ဟေ့ရောင် ။ အရှင်က ဒီတိုင်းခြိမ်းခြောက်ခိုင်းတယ်ထင်တယ်နော်။ ဒီကောင်က ခီလီရဲ့မင်းသား ။ အတည်သတ်လိုက်ရင် ငါတို့ကို ပြစ်ဒဏ်ပေးနေလိမ့်မယ် ''
'' ဘာတွေတွေးကြောက်နေတာလဲ ~~ ဒီကောင်ကအရင်ကထဲက အသုံးချဖို့သပ်သပ် အရှင်မွေးထားတ့ဲ ကျွန်တစ်ကောင်သာသာပဲဟာ ။ ငါတို့သူ့ကို လုပ်ချင်ရာလုပ်ပြီး သတ်ပစ်ရင်တောင် အရှင်ကအပြစ်မြင်မှာမဟုတ်ဘူး ''
'' တစ်ကယ်ပဲ လုပ်ချင်ရာ လုပ်လို့ရလား ''
'' ရတယ် ။ ''
'' အဲ့ဒါဆိုရင်တော့~~ ဒီတိုင်းပေးသေရမှာတော့ နှမြောစရာပဲ ။ အပေါ်ဒဏ်ရာပဲရှိတာဆိုတော့ ပျော်လို့တော့ရမှာပါ ။ ဒီကောင်နဲ့ကစားရအောင် ''
'' ဆိုတော့ကား ဘယ်သူအရင်စကြမလဲ ''
မိစ်ဆာ နှစ်ကောင်ရဲ့စကားတွေကို တုန်လှုပ်နေဖို့စိတ်ကူးလဲ ဂွန့်မှာမရှိတော့ ။ သိက်ခါရှိရှိသေဆုံးချင်ပေမယ့် ဒါက ဂွန့်ရဲ့ ကံကြမ္မာဆိုရင်တော့ ဂွန် လက်ခံရုံသာတတ်နိုင်တော့သည် ။