'' ကိန်း ဟေ့ရောင် ကိန်း!!!! ''
အလင်းတန်းတွေဖြာထွက်နေတဲ့စက်ကွင်းထဲကနေ ဘော့ရှီ ကိန်းနဲ့အတူလွတ်မြောက်လာခဲ့ပေမယ့် သူ့ပုခုံးထက် မှာ ပျော့ခွေနေတဲ့ကိန်းကတော့ သတိရတစ်ချက် လွတ်တစ်ချက် ။
'' ကိန်းရာ မနောက်စမ်းပါနဲ့ ။ ငါတို့ မှော်တိုင်းပြည်ဆီပြန်ရောက်လာပြီလေ ။ ကြားလား ။ အားယူပြီး မျက်လုံးလေးနဲနဲလောက်ဖွင့်ကြည့်လိုက်ပါ ကိန်း ။ ဒီမှာ ငါတို့ချစ်တဲ့ မှော် နယ်မြေကြီးလေ မင်းတွေ့ရအောင် မျက်လုံးလေးနဲနဲပဲဖွင့်ကြည့်လိုက် ''
ဘော့ရှီရဲ့ အားတက်အောင်ပြောနေတဲ့စကားတွေကြောင့် ကိန်းမျက်ဝန်းတို့သည်လည်း လေးပင်နေတဲ့မျက်တောင်တွေကို အန်တုရင်း တဖြည်းဖြည်းချင်း သဘာဝ၏အလှအပကို ကြည်ရှုရန်အသင့်ဖြစ်လာလေပြီ ။
အခု သူတို့ ကမူလေးတစ်ခုပေါ်မှာပဲ ။ ခပ်ဝေးဝေးမြေနိမ့်ပိုင်းမှာ တလူလူလွှင့်ထူနေတဲ့ ရွှေဝါရောင် အလံလေးကို ခပ်ရေးရေးလှမ်းမြင်လိုက်ရတယ် ။ သစ်ပင်ကြီးတွေထူထပ်နေပေမယ့် အလံကိုမြင်နေရတဲ့ဒီနေရာက ဘယ်တိုင်းပြည်နဲ့နီးနေတာများလဲ ။
'' ဗားလ်~~~ ငါတို့ အခု~~ ဘယ်မှာလဲ ''
ဘော့ရှီကတော့ သူတွဲထားမြဲ ကိန်းကို လဲမကျအောင်ခပ်တင်းတင်း ဆုပ်ကိုင်ပေးထားရင်းနဲ့ပဲ
'' ငါတို့~~ နိုက်တင်ဂေးအင်ပါယာ အနီးမှာပဲ ကိန်း ။ ငါတို့အခု ယုန်မလေးရဲ့ မြေပုံဘေးမှာ ''
ဘော့ရှီစကားကြောင့် ကိန်းလည်း သူ့ဘေးနားကိုငဲ့ငဲ့လေးစောင်းကြည့်တော့ ကျောက်တိုင်လေးတစ်ခုနဲ့ မြေပုံမို့မို့လေးက ငြိမ်းချမ်းတိတ်ဆိတ်စွာ တည်ရှိနေလေတယ်။
'' သူမက တစ်ကယ်ပဲ ဝိညာည်တစ်ကောင်ကိုး ''
ကိန်းရဲ့စကားကြောင့်ဘော့ရှီလည်း ပြုံးလိုက်ပြီး
'' ကိန်း သူမရဲ့မြေပုံကို သန့်ရှင်းရေးလုပ်ပေးဖို့တောင်းဆိုခဲ့တာမှတ်မိလား ''
'' အင်း ''
'' အခု ငါတို့လုပ်စရာမလိုတော့ဘူး ''
'' ဟင် ''
ဘော့ရှီကတော့ မြေပုံထက် မှ ခပ်နွမ်းနွမ်း သစ္စာပန်းခက်လေးကို စိုက်ကြည့်ရင်းနဲ့ပဲ
ESTÁS LEYENDO
Called '' VERL" (((Hiatus)))
Novela JuvenilLegendary Season 2 Cover art by @TokigaMeme