CHAPTER - [ 8 ]

8.3K 833 66
                                    

Unicode

- 8 - ( ပြင်ဆင်ပြီး )

ဝမ်ဘုရင်အုပ်ချုပ်နေသော ဝမ်တိုင်းပြည်ကြီးကား အေးချမ်း၏။အများအားဖြင့် ဆင်းရဲသူများနည်းပါးကာ လူလတ်တန်းစား အများအပြားရှိသည်ဟု စစ်တမ်းများအရ ကြားရသည်။

သို့ပေသိ ဤနေ့တွင် အမတ်တစ်ဦး၏လျှောက်တင်ချက်အရ  ဝမ်နိုင်ငံနယ်နိမိတ်နှင့် အခြားမဟာမိတ်နိုင်ငံစပ်ကြားတွင် သူပုန်များထကြွသောင်းကျန်း၍ ပြည်သူများစားဝတ်နေရေး အတော်အခက်တွေ့ နေသည်ဟု ဘုရင်မင်းမြတ် ကြားနာရသည်။

ထိုအရာကိုဖြေရှင်းပေးရန် ဦးနှောက်ထဲတွင် ပထမဆုံးစဉ်းစားမိသူကား အိမ်ရှေ့စံ။ဒါပေမဲ့လည်း အိမ်ရှေ့စံ ထိုနေရာသို့ သွားပြီး ထိခိုက်ဒဏ်ရာရမည်ကိုလည်း မင်းကြီးက စိုးရိမ်ပူပန်​တော်မူရသည်။

မိဖုရားခေါင်ကြီး၏သားတော် မင်းသားဝမ်ဟန်ကို စေလွှတ်ရင်လည်း စိတ်မချတော့မူ။မင်းကြီး အစစအရာရာ အားကိုးတော်မူသောသူက ရိပေါ်ဆိုတဲ့ သားငယ်တစ်ပါးတည်း။

ရိပေါ်သည် သိုင်းပညာ ကြွယ်ဝသည်။ဥာဏ်ပညာလည်း ကြီးသည်။စာပေများကို လေ့လာလိုက်စားသော်ကြောင့်လည်း ဗဟုသုတ ကြွယ်ဝသည်။ဖြတ်ထိုးဥာဏ်လည်း ကြွယ်ဝသည်။ မိမိတိုင်းပြည်ကို ထိုသူ့ ထံသို့သာ အပ်နှံနိုင်ခဲ့လိမ့်မည် ဖြစ်သည်။

မိဖုရားခေါင်းကြီးနှင့်အခြားမိဖုရားတွေရဲ့ တားမြစ်မှု့ တွေကြားကပင် ရိပေါ်အား အိမ်ရှေ့စံရာထူးကို ချီးမြှင့်မြှောက်စားခဲ့သည်။

"ခမည်းတော် ကျွန်တော် ရိပေါ်ရောက်ပါပြီ!"

မိမိအရှေ့တွင် ဦးညွှတ်ရိုကျိုးနေသည့် သားတော်အား မင်းကြီးက ပြုံးလျက်ပင် ခေါင်းငြိမ့်သည်။

"သားတော်ရိပေါ်ကို တာဝန်တစ်ခုပေးအပ်မလို့ပါ…သားတော် လုပ်နိုင်ပါ့မလား"

"ခမည်းတော်ပေးအပ်သော တာဝန်ကို ကျွန်တော်ရိပေါ် အကောင်းဆုံးဆောင်ရွက်နိုင်ပါမည်ဟု ယုံကြည်ပါသည်…"

"သားတော်ရဲ့ ယုံကြည်ချက် မြှင့်မားမှု့ ကို ငါကိုယ်တော် သဘောကျတယ်ဝေ့"

After Agonising ,Will You Love Again? [ Completed ]Where stories live. Discover now