CHAPTER - [ 12 ]

7.6K 723 33
                                    

Unicode

-12- ( ပြင်ဆင်ပြီး)

"ငါ့မှာ ပိုင်ရှင်ရှိတယ်…
သူ တစ်ယောက်ပဲ ငါ့ကို ပိုင်တယ်။ငါက သူ့ ရဲ့အပိုင်။
ငါ သူ့ ကို ချစ်တယ်။သူလည်း ငါ့ကို………ချစ်တယ်။
ဒါ့ကြောင့် မင်းပြောတာတွေ တစ်ခုမှ ငါ လက်မခံနိုင်ဘူး စုန့်လန်!!!"

ယောက်ျားလေးပေမဲ့ လှပသော မျက်လုံးအိမ်ဖွဲ့ စည်းမှုနှင့် အရည်ကြည်တွေ တောက်ပနေသော မျက်စံတွေကြောင့် စုန့်လန် အနည်းငယ် ငေးငိုင်သွားသည်။

ငယ်ငယ်ကတည်းက မိဘတွေရဲ့ ပစ်ပယ်ထားမှု့ ကြောင့် နေရာအိမ်တောင် မရှိခဲ့သော သူ့ ဘဝ။သူများပစ္စည်းများကို ခိုးတာက တစ်မျိုး လုယက်တာက တစ်ဖုံဖြင့် နေထိုင်စားသောက်လာသည်မှာ ဘဝရဲ့ သုံးပုံ ပုံ တစ်ပုံပင် ရောက်လာနေပြီ။

သို့ပေသိ မိန်းကလေးအလှလေးများစွာနှင့် မည်မျှပင် ဆက်ဆံစဉ်ကာမူ တစ်စုံတစ်ဦးကိုမျှ မနှစ်သက်ဖူးပါ။မစွဲလန်းခဲ့ဖူးပါ။မတောင်းတခဲ့ဖူးပါ။

ဒီအလှလေးကိုတော့ မြင်မြင်ကတည်းက ယောကျာ်းလေးမှန်း သိနေခဲ့ရက်နှင့်ပင် သူ့ ရဲ့ ဘယ်ဘက်ရင်အုံက လျှင်မြန်စွာ ခုန်ပေါက်လာသည်။သူ့ စိတ်ကလည်း အဲ့ဒီလူသားလေးကို အပိုင်လိုချင်လာသည်။

ကိုယ့်ရန်သူမှန်း သိနေပြီး သတ်ပစ်လိုက်ရင် ရရဲ့သားနဲ့ မေ့အောင် ရိုက်ကာ ခေါ်လာခဲ့တဲ့ သူ့ စိတ်က အဲ့အချိန်တုန်းက တအားပျော်နေမှန်း သိသာနေခဲ့သည်။

လုယက်နေကျ ခိုးဖွက်နေကျ ပစ္စည်းတွေလိုမျိုး ကိုယ့်လက်ထဲ ရောက်လာရင် ကိုယ့်အပိုင်ဖြစ်သွားမယ်လို့ သူပုန်စုန့်လန်က ထင်ခဲ့သည်။ဒါပေမဲ့ သက်ရှိလူသားဖြစ်တဲ့ ထိုအလှလေးက သူ့ အပိုင်မဟုတ်ကြောင်းရော သူ့ မှာပိုင်ရှင်ရှိတယ် ဆိုတဲ့အကြောင်းရောကို အနက်ရောင်အစက်ပေါ်ရှိသော နှုတ်ခမ်းနီနီလေးက အဆက်မပြတ်စကားဆိုလာသည်။

"မင်းမှာ ပိုင်ရှင်ရှိတိုင်း ငါ့အပိုင်လုပ်လို့မရဘူးလို့ ထင်နေလား!"

သူရဲ့အော်ပြောမှု့ မှာ ထိုအလှလေးက မျက်လုံးအဝိုင်းသားဖြင့် ကြည့်နေပြန်သည်။သူ ဒီတစ်သက် အဲ့ဒီ့အပြုအမူတွေကြားက ရုန်းမထွက်နိုင်တော့ဘူး ထင်ပါ့။

After Agonising ,Will You Love Again? [ Completed ]Dove le storie prendono vita. Scoprilo ora