CHAPTER - [ 21 ]

8K 673 68
                                    

Unicode

-21- ( ပြင်ဆင်ပြီး )

( အတိတ်ဘဝ )

နန်းတော်ထဲမှာ လူအများ အပြေးအလွှားနဲ့ သတင်းထူးနေသော အကြောင်းကား မိဖုရားလီရှင်းယန် မူးလဲသွားရသော သတင်း။

ရှောင်းကျန့်အပါအဝင် အခြားအဆောင်တော်မှ ကိုယ်လုပ်တော်များနှင့် မိဖုရားအငယ်လေးများလည်း မိဖုရားလီရှင်းယန် အဆောင်သို့ သတင်းစကား အမေးပါးရန် ကူးလျှောက်သွားသည်။

ရှောင်းကျန့်တို့ ရောက်ပြီး မကြာမီမှာပဲ နိုင်ငံရဲ့ ဧကရာဇ်ပြည့်ရှင်ဟာ ဝတ်ရုံကို အသာမလို့  ပြေးမတက်ဖြင့် မျက်နှာတော်က ပူပန်နေစွာ အဆောင်တော် အတွင်းသို့ ဝင်တော်မူလာသည်။

"ရှင်းယန် ဘယ်လိုဖြစ်တာလဲ သမားတော်"

အရှင် ဝမ်ရိပေါ်က မေးကြားတော်မူသော်ကြောင့် သမားတော်ဖြစ်သူက အရင်ဆုံး ဦးညွှတ်ကာ အရိုအသေ ပေးလိုက်သည်။

"ဂုဏ်ယူပါတယ် အရှင်…
မိဖုရားမှာ အရှင့်သွေးသားလေး ဖြစ်တည်နေပါပြီ။"

"တကယ်ပြောတာလား သမားတော်…"

"တကယ်ပါ အရှင်။"

ဝမ်ရိပေါ်ရဲ့မျက်ဝန်းတွေမှာ ဝမ်းသာသော အရိပ်အမြွတ်များ ဖြတ်သန်းသွားသည်ကို ရှောင်းကျန့် တွေ့ သည်။
ချစ်ရသူရဲ့နန်းသွေးကို လွယ်ထားသည်ဆိုသော မိဖုရားရှင်းယန်ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး နာကျင်နေသော စိတ်အစုံကို ဖုံးကွယ်ကာ ထိုနေရာမှ အပြေးထွက်လာမိသည်။

ရှောင်းကျန့်သည်လည်း ကိုယ်ဝန်ဆောင်နိုင်သော သူတစ်ယောက်ဖြစ်ပေမယ့်လည်း အရှင်နှင့်တစ်ခါမှ အိပ်ဆောင်မဝင်ခဲ့ဖူးတာကြောင့် သူ စိတ်ကူးတွေဟာ လက်တွေ့ မဖြစ်လာနိုင်ခဲ့ပါ။

တစ်ခုတည်းသော ဖြည့်ဆည်းပေးချင်သော အရာကို အခြားတစ်ယောက်က လုပ်ပေးသည့်အခါ သူက အရှင့်အတွက် ဘယ်နေရာမှာ အသုံးကျသူ ဖြစ်လာတော့မှာလဲ။

ပထမဆုံးအနေဖြင့် သူ့ ကိုယ်သူ စိတ်ပျက်စရာ လူတစ်ယောက်အဖြစ် မြင်နေမိသည်။

***********

"ကျန့်!"

အနားသို့ ရောက်လာသည့် ဝမ်ဟန်ကို မကြည်ဟန်စွာဖြင့် ကြည့်လိုက်သည်။

After Agonising ,Will You Love Again? [ Completed ]Where stories live. Discover now