CHAPTER - [ 13 ]

8.2K 816 87
                                    

Unicode

-13- ( ပြင်ဆင်ပြီး )

ရှောင်းကျန့် ခရီးဝေးက ပြန်ရောက်ချိန်မှာပဲ သူ့ ရဲ့ဖျားနာမှု့ က ပြန်လည် စတင်လာတော့သည်။တင်းမာနေသော ပူပေါင်းက လေလျော့သွားသလိုမျိုး တင်းကြပ်နေသော စိတ်တွေကို လွှတ်ချကာ အိပ်ယာထဲ၌သာ ခွေနေမိသည်။

အရှင့်သားကို အဓိကထားပြီး ဂုဏ်ပြုသောပွဲကို သူ မတက်ရောက်နိုင်။အရှင့်သား အမျက်တော်ထွက်မှာ ကြောက်တာကြောင့် ကျိရန်ကောကိုပင် မေးလာခဲ့ရင် နေမကောင်းသောအကြောင်း ပြောပေးပါလို့ တောင်းဆိုထားရသေးသည်။

ဒါပေမဲ့ ဘာပဲဖြစ်နေဖြစ်နေ ဒီည အရှင့်သားအဆောင်ကို ပြန်ရောက်လာရင် ဂုဏ်ပြုစကားသွားပြောမည်ဟုလည်း ကြံရွယ်ထား​သည်။

အခုလောလောဆယ်အနေအထားကတော့ ပူခြစ်နေသော အသားနှင့် မူးဝေနေသော ခေါင်း။နှုတ်ခမ်းတွေခြောက်ကာ ရေသောက်ချင်လာသောကြောင့် ကိုယ့်ကိုကိုယ်အားယူကာ မတ်တပ်ရပ်လိုက်သည်။

အလွန်ကျဉ်းမြောင်းသော အခန်းကြောင့် အသက်ရှူရတာပါ အခက်အခဲဖြစ်လာလေသည်။အပြင်ဘက်ငေးကြည့်မိတော့လည်း အတော့်ပင် မှောင်နေလေပြီ။

အနွေးထည် ခပ်ပါးပါးတစ်ထည်ဝတ်လိုက်သည်။မီးအိမ်လေးတစ်ခုကို ထွန်းညှိပြီး လက်မှကိုင်ကာ လေကောင်းလေသန့်ရှူရန် သဘောအကျရဆုံး ပန်းဥယျာဉ်ဆီသို့ ဖြည်းဖြည်းချင်းလှမ်းကာ လျှောက်သွားလိုက်သည်။

ဥယျာဉ်အဝသို့ ရောက်သောအခါ မွှေးပြန့်သော ပန်းရနံ့တွေကြောင့် ခေါင်းပင် အတော်ကြည်သွားသလို ခံစားရသည်။ အထဲသို့ ဖြည်းဖြည်းချင်းစီ ဝင်ပြီး ဥယျာဉ်၏အလယ်အလတ်လောက်အရောက်မှာ ရပ်လိုက်သည်။

မီးအိမ်ကို မြေကြီးပေါ်ချလိုက်ပြီး လက်နှစ်ဖက်ကို ထုတ်ကာ မျက်စိကိုမှိတ်လိုက်သည်။တိုးဝင်လာသော ခပ်အေးအေးမွှေးရနံ့ကို တဝကြီး ရှူရှိုက်လိုက်သည်။

ကောင်းကင်ပေါ် မော့ကြည့်လိုက်တော့ လက သေးသေးလေးပေါ်နေပြီး ကြယ်အရွယ်အမျိုးမျိုးကတော့ တလက်လက်ဖြင့် တောက်ပနေလေသည်။

After Agonising ,Will You Love Again? [ Completed ]Dove le storie prendono vita. Scoprilo ora