☠️Part2☠️

107 19 2
                                    

Someone's POV

"ယွန်း မင်းဒီခရီးကိုလိုက်လို့မဖြစ်ဘူးကိုယ်မင်းကိုထပ်မဆုံးရှုံးမခံနိုင်တော့ဘူး"

ဒီနေ့ဂျူတီမရှိတာနဲ့ခရီးသွားဖို့လိုအပ်တာလေးတွေသွားဝယ်မယ်အတွေးနဲ့shoppingတစ်ယောက်တည်းထွက်လာခဲ့တော့သည်။
ဒီလိုအေးအေးဆေးဆေးပေါ့ပေါ့ပါးပါးမနေရသည်မှာနှစ်အတော်ကြာပြီလေ၊ချစ်ရတဲ့
အိုမားဒီလူ့လောကကြီးထဲကထွက်သွားကတည်းကပေါ့။တွေးလက်စအတွေးကိုဖြတ်ကာmallထဲသို့သာဝင်လိုက်တော့သည်။

စိတ်ထဲမှာတစ်ယောက်ယောက်လိုက်နေတယ်လို့ခံစားနေရတယ်လှည့်ကြည့်လိုက်တော့လည်းဘယ်သူမှရှိမနေပြန်ဘူး။
ကျောချမ်းလာတာနဲ့မြန်မြန်သာဝယ်ပြီးပြန်ရန်စိတ်ဇောသာရှိနေသော်လည်း
အစားအသောက်တန်းမှbuy one get oneဆိုတဲ့စာကြောင်းကမျက်လုံးထဲဝင်လာ၍ လူကဆိုင်ထဲဘယ်အချိန်ဘယ်လို‌ရောက်မှန်းမသိ
ရောက်နေသောအခါ😌😌😌😌

"ဘုတ်"
"ဟာလက်ကလည်း"
ခြင်းတောင်းမယူထားတော့လက်ကမနိုင်ဘဲမုန့်တွေကအလိုက်ကန်းဆိုးမသိအောက်ကိုပြုတ်ကျသွားသည်။
ယူပြီပြန်ထမယ်အလုပ်ဘယ်အချိန်ကဘယ်လိုရောက်နေမှန်းမသိတဲ့လူကလာပြီးအပေါ်ကနေအုပ်မိုးကာမိမိအားကြည့်နေသည်။
ကျမလည်း‌ေကြာက်‌ေကြာက်နဲ့ပြန်ထကာကောင်တာဆီသွားရန်ကျောခိုင်းလိုက်ချိန်
"ခဏ"
သူခေါ်တော့ကျမလည်းပြန်လှည့်ကြည့်ကာ
"မင်းဒီခရီးကိုလိုက်လို့မဖြစ်ဘူး။ဖြစ်နိုင်ရင်မသွားပါနဲ့ကွာ"
စူးစူးရှရှမျက်လုံးတွေထဲမှာလေးနက်ခြင်းတွေပါသလိုဝမ်းနည်းပူဆွေးခြင်းတွေလည်းရောယှက်နေတယ်။
အချိန်အတော်အတန်ကြာသည်အထိကျမသူ့ကိုငေးကြည့်နေမိတယ်။စိတ်ထဲမှာခံစားနေရတာကတစ်ခုခုကပြည့်စုံသွားသည့်ဟန်၊
"ကိုယ်ပြောတာကြားလား"
ထိုအခါမှသတိဝင်ကာ
"ဟမ် ဟို ဟို ရှင်လူမှားနေပြီထင်တယ်"
"ကိုယ်မမှားဘူးရှင်းဂျီယွန်း"
"ရှင်ကျမနာမည်ကိုဘယ်လိုသိတာလဲရှင်ဘယ်သူလဲ"
တီတီတီ~~~📱📱📱
ထိုလူထံမှဖုန်းလာသည်ဟုထင်ရသည်။
"ကိုယ်သွားတော့မယ်နော်"
"ဟေ့နေဦးလေဟေ့ဒီမှာ"
သူ့ဘာသူပြောပြီးသူ့ဘာသူပြန်ထွက်သွားတဲ့ထိုသူကိုဂျီယွန်းနားမလည်စွာငေးကြည့်ရင်းမေးစရာမေးခွန်းတွေအစအဆုံးမရှိစိတ်ထဲမှာပြည့်နှက်နေခဲ့ပြီလေ။

အိမ်ပြန်ရောက်‌တဲ့အခါကိုယ်လက်သန့်စင်ပြီးဆိုင်မှာဖြစ်ခဲ့တဲ့အကြောင်းကိုသာတွေးရင်း
ပင်ပန်းလှတဲ့ခန္ဓာကိုယ်ကအိပ်စက်ခြင်းဆီသို့~~~~~~

                                                            

༺ᖴᗩTE༻Where stories live. Discover now