☠️Part-5☠️

95 19 4
                                    

Unicode

အားလုံး~အိပ်မောကျနေလေသည်~~~~

တစ်ရွေ့ရွေ့သွားနေတဲ့ကားလေးဟာတုန့်ခနဲရပ်သွားတာကြောင့်အိပ်ချင်မူးတူးနဲ့နိုးလာတဲ့ဂျီယွန်း၊

ဘေးဘီကိုကြည့်တော့လည်းအကုန်လုံးကအိပ်ပျော်နေလေသည်။
ကားရပ်နေတာကြောင့်ဘာဖြစ်တာလဲသိချင်မိတယ်။
တစ်ခြားလူတွေလည်းအိပ်နေတာဆိုတော့အော်မေးဖို့ကျတော့ဂျီယွန်းအားနာမိတယ်လေ။

ပတ်ဝန်းကျင်ကပုံမှန်ထက်ပိုပြီးမှောင်နေတာကြောင့်အပြင်ကိုသေသေချာချာအားစိုက်ပြီးကြည့်မိတော့မြင်တွေ့နေရတဲ့အရာ‌ေကြာင့်မျက်လံုး‌ေတာင်ပြူးသွားတယ်~~~~

ဘေးမှာအဆုံးအစမရှိတဲ့ချောက်နက်ကြီးနဲ့ပြုတ်ကျဖို့နှစ်ပေသာသာလောက်သာလိုတော့တဲ့သူတို့ရဲ့ကား၊

"ဟီနာ ဟီနာ ထပါဦး ဟီ‌နာရေ"

ကိုယ်လည်းစိတ်ပူသွားတာကြောင့်ဘေးနားကဟီနာကိုအတင်းနှိုးမိလေသည်။
သူက‌
တော့မနိုးပေ။

ထိုအချိန်အသံတစ်သံပေါ်ထွက်လာတာကိုသတိထားမိလေသည်။

ထို့ကြောင့်

"ကားမောင်းတဲ့ဦးလေးကြီးလား
ဘာဖြစ်လို့ကားရပ်ထားတာလဲ~~~~ဦးလေး~~~ဦးလေးကြီး"

ကျမလည်းအရဲစွန့်ပြီးထမေးကြည့်ပေမယ့်ဘာအရိပ်အယောင်မှမပြတာကြောင့်တစ်ဖြည်းဖြည်းရှေ့ဆက်တိုးလာမိတယ်။
ညကအေးတာကြောင့်ရောကားအဲယားကွန်းပါဖွင့်ထားတာကြောင့်အသားကတစ်စက်စက်တုန်လေသည်။

ထို့နောက်

အမှောင်ထုကလူတစ်ယောက်ကိုကောင်းကောင်းမမြင်နိုင်လောက်အောင်ဖုံးလွှမ်းထားကာအလင်းရောင်ဆိုသည်မှာဘယ်နေရာရောက်နေမှန်းမသိ၊

ကားရှေ့ကိုကြည့်လိုက်တော့ခပ်လှမ်းလှမ်းနေရာမှာရှိနေတဲ့လူတစ်ယောက်၊
လက်ထဲမှာလည်းချွန်ထက်တဲ့အရာတစ်ခုကိုကိုင်ထားလေသည်။

သူ့အနားရောက်လာလေလေသွေးညှီနံ့လို့ပုပ်ဆွေးနံ့တစ်ခုကနှာခေါင်းထဲပိုပိုတိုးဝင်လာ
လေသည်။

ရှေ့ဆက်သွားကြည့်ကာ

"အမယ်လေး"

"ဘာ~ဘာကြီးလဲ မလုပ်နဲ့ မလုပ်ပါနဲ့"

༺ᖴᗩTE༻Where stories live. Discover now