Unicode
နံနက် 7:00
"အကိုလေး နိုးပြီလားဗျ"
"နိုးပြီ ဝင်ခဲ့တော့"ဒီနေ့ဟာ ခယောင်းရှင်ရဲ့ ပထမဆုံး ကျောင်းတက်ရက်မို့ စောစောစီးစီး ထပြီး ပြင်ဆင်နေသည်။
ခယောင်းရှင်က အထက်တန်းကျောင်းသား ပြီးတော့ မိသားစုကလဲ အရမ်းချမ်းသာတယ်လေ။
ရွှေဇွန်းကိုက်ပြီး မွေးလာတဲ့ တစ်ဦးတည်းသောသားရတနာေလးပေါ့
အမေအဖေကလဲ အလိုလိုက်ခြင်းခံထားရပါတယ် ခယောင်းရှင်ကလဲ အရမ်းကြီးဆိုးတဲ့ကလေးမဟုတ်ပါဘူး။
အသက်က 18ထဲရောက်နေပြီ။
လူက အပြစ်ပြောစရာမရှိအောင် ပြည့်စုံလွန်းတယ်။
အသားက ဝင်းဝါ တောက်ပနေသလို မျက်ဝန်းတွေကလဲ အရမ်းကို လှပတယ်။
ယောင်္ကျားလေးဖြစ်ပေမယ့် မိန်းမရှုံးအောင် လှရက်လွန်းတယ်။
ဘယ်ဘက်ပါးပြင်ပေါ်က စံပါးတင် မှဲ့လေးကလဲ ထင်ရှားပြီး ဆွဲဆောင်နိုင်လွန်းတယ်။ မျက်စံက အညိုရောင်။ အရပ်က 5'7။
လူက အနေတော် တောင့်တောင့်တင်းတင်းလေး။
စာတော်တဲ့ကျောင်းသားလို့ပြောရမယ်။အရာအားလုံးလိုလို ပြည့်စုံနေပေမယ့် လူမှု ဆက်ဆံရေးမှာဝောာ့ အတော်မကောင်းတာပါဘဲ😆 မိဘcompanyကို အမွေဆက်ခံမယ့် သားလေးပေါ့။
ကဲဆက်မယ်.....မနက်စာစားရင်း...
"ဦးလေး အမေကော မတွေ့ပါလား။ဘယ်သွားမယ်လို့ ပြောသွားလဲ"ခယောင်းရှင်ဟာ အိမ်တော်ထိန်း ကိုမေးလိုက်ပါတယ်။
ခယောင်းရှင်ရဲ့ အဖေကတော့ အိမ်မှာ မနေဖြစ်သလောက်ပါဘဲ နိုင်ငံခြားကိုအလုပ်ကိစ္စ နဲ့သွားနေရတာနဲ့ အမြဲမအားပါဘူး
"မမကြီးက သူ့မိတ်ဆွေနဲ့တွေ့စရာရှိသေးလို့ဆိုပြီး ခနလေးကမှ ထွက်သွားတာ ဗျ"
"အော် ဒါဆိုလဲ ဟုတ်ပါပြီ"
"ဟုတ်ကဲ့ဗျ"
"အကိုလေး ကျောင်းကို ကားနဲ့လိုက်ပို့ပေးရမလား"
"ရတယ် မလိုဘူး နီးနီးလေးဘဲဟာ"
"ဟုတ်ကဲ့"
"ကဲ စားပြီးပြီ သွားတော့မယ်"
"ဟုတ် အကိုလေး ဂရုစိုက်သွားပါ"ကျောင်းသို့အရောက်...
ခယောင်းရှင်ရဲ့ ငယ်ပေါင်း ကြီးဖော် မင်းခန့်ဇင်က"ဟာ ငါ့ကောင်းကြီး မတွေ့ရတာ ကြာပြီကွာ အံမယ် လှလာပါလား"
YOU ARE READING
Dear My Doctor
RomanceUnicode "အချစ်တဲ့လား ဟင့်အင်း အချစ်ဆိုတဲ့ အရာကို ငါမယုံဆုံးဘဲ ငါ့အတွက်က ယောင်္ကျား မိန်းမ အရေးမကြီးပါဘူး အချစ်ကို ယုံအောင် လုပ်ပေးနိုင်မယ့်သူ ရှိလာရင် ကျေနပ်ပါပြီ..." ---ခယောင်းရှင် "ယောင်္ကျားလေးချင်း ချစ်ရမယ်လို့ ဘဝမှာ တစ်ခါမှ စိတ်မကူးခဲ့ပါဘူး ကျ...