Part 5

876 42 11
                                    

Unicode

ညနေ ကျောင်းဆင်းချိန်တွင် ခယောင်းမှာ အိမ်မပြန်‌ေသးဘဲ အားကစားကွင်းထဲတွင် အသင်းနဲ့ Basketball လေ့ကျင့်နေသည်။ နောက်မကြာခင်မှာ ကျောင်းပေါင်းစုံ ပြိုင်ပွဲရှိသောကြောင့်ဖြစ်သည်။ခယောင်းတို့ လေ့ကျင့်နေကြတာကို လာကြည့်နေသော ကျောင်းသူမလေးတွေလဲရှိသည်။
ခယောင်းလေ့ကျင့်ပြီးသောအခါ ကွင်းရဲ့ဘေးဘက်ရှိ ထိုင်ခုံများပေါ်တွင် ရေသောက်ကာ အနားယူနေတုန်း ကောင်မလေးတယောက်က တစ်ရှူး တထုပ်ကိုင်ကာ မဝင့်မရဲ သူ့နားရောက်လာပြီးလှမ်းပေးကာ

"ဒီ..ဒီမှာ အကိုခယောင်း ချွေး..ချွေးလေး သုပ်ပါအုံး" ဟုဆိုကာ ထစ်ထစ်ငေါ့ငေါ့ဖြင့် ပေးလိုက်သည်။ခယောင်းကလဲ
" အော် အင်း ကျေးဇူး" အားနာမနေဘဲ ယူလိုက်လေသည်။ပြီးတော့ လှည့်ပြန်မလို့ လုပ်နေတုန်းမှာဘဲ ထိုကောင်‌မလေးမှ

"ဟို ညီမနာမည်က ရတီငြိမ်းပါ အကို့ကို ကြိုက်နေတာ ကြာပါပြီ"လို့ ပြောသံကြားတာနဲ့ ခယောင်းနောက်လှည့်ကြည့်လိုက်တော့ မျက်စိစုံလုံးမှိတ်ကာ ရှက်နေသော ကောင်မလေး။
"အော် ဒါဆို ‌sorryပါ ဒီအရွယ် စာဘဲလုပ်ပါ ညီမလေး"လို့ တခွန်းသာ ခယောင်းက ဆိုလိုက်ပြီး လှည့်ပြန်ခဲ့‌သည်။ ထိုဖြစ်ရပ်ကို မြင်လိုက်ရသော မင်းခန့်မှာ ခုနက ကောင်မလေး ငိုသွားတာကို ကြည့်ပြီးသနားနေသည်။

*ခယောင်းရှင် ဒါတော့ မလွန်ဘူးလား* ဆိုပြီးတွေးကာ ရတီငြိမ်းဆိုသည့် ကောင်မလေးနားထံ သူသွားလိုက်ပြီး
"ဝမ်းမနည်းပါနဲ့ ညီမလေးရဲ့ အဲ့ကောင်က အဲ့ဒီလိုဘဲ တခြားတစ်ယောက်ပြောင်းကြိုက် ဒါမှမဟုတ် သူပြောသလိုဘဲ စာကြိုးစားပေါ့"လို့ ပြောရင်း ပြုံးပြလိုက်သည်။ပြီးတော့
"ဟျောင့်ရေ မိခယောင်း ငါ့စောင့်အုံး"လို့ ခယောင်းရှင်အား အော်ပြောကာ ပြေးလိုက်သွားတာ ကလေးလေး တစ်ယောက်လို။
အလယ်တန်းက ကလေးမလေး ရတီငြိမ်းကတော့ မင်းခန့်ဇင် သဘောကောင်းပုံနဲ့ အပြုံးလေးက ချစ်စရာ ကောင်းလွန်းတာကို ကြည့်ပြီး ကြွေသွားတော့သည်။
×××××××××××××××××××××××××××××××
တိမ်တိုက်ကတော့ ကျောင်းကနေစောစောပြန်လာပြီး ဒေါ်ဝင့်ဝါရှင်တို့ အိမ်ဘက် မြန်မြန်ပြောင်းလာသည်။အန်တီ(ဒေါ်ဝင့်ဝါရှင်)ကိုလဲ ကောင်းကောင်း နှုတ်ဆက်ပြီးပြီ ။ရေချိုး နားကာ အိမ်ကြီးကို လိုက်လျှောက်ပတ်ကြည့်နေသည်။

Dear My DoctorWhere stories live. Discover now