Part 2

1.1K 40 11
                                    

Unicode

"ဟို ဆရာဝန်ဘိုးတော်က အခြောက်ကြီးလားမသိဘူး!!😖😖"
"ဘာာ!"
"ထားတော့ ဘာ့မှမဟုတ်တော့ဘူး"

ခယောင်းရှင်လဲ *ငါအထင်မှားတာ နေမှာပါလေ သူက သဘောရိုးနဲ့ပြောတာနေမှာပါ* ဟု သဘောရိုးနဲ့ဖြေသိမ့်လိုက်သည်။

ညနေကျောင်းဆင်းတော့...
မင်းခန့်မှ
"ခယောင်း မင်း အိမ်ပြန်တော့မှာလား"
"မပြန်သေးဘူး လုပ်စရာရှိသေးတယ် engဆရာက သူ့ကို လာကူအုံးပြောထားလို့"
"အော် အေးပါ ဒါဆို ငါပြန်ပြီနော် တာ့တာ"
"တာ့တာ"

ခယောင်းလဲ နှုတ်ဆက်အပြီး ဆရာများ ရုံးခန်းသို့ သွားလိုက်သည်။

ထိုအချိန်တိမ်တိုက်မှာ ကျောင်းဆေးခန်းထိုင်ပြီးရင် ညဘက် ဆေးရုံမှာ နေတာ မို့လို့ ကျောင်းမှာ ရေချိုးအကျီလဲပြီး ဆေးရုံကို သွားမှာဖြစ်သည်။

Eng ဆရာ- "အေး သား ဒီတစ်အုပ်ပြီးရင် ပြန်လို့ရပြီကွာ ကော်ဖီ‌လဲ သောက်ပါအုံး"
ခယောင်း- " အာ ဟုတ်ကဲ့ "

ပြောရင်းနဲ့ ဆရာက ခ‌ယောင်းထိုင်နေခုံဘေးနားက ဖိုင်အိတ်ကို ဆွဲယူလိုက်ရာ ကော်ဖီခွက်ကို မတော်တဆ ထိမိပြီး စာရေးနေသော ခယောင်းပေါ်သို့ ပြုတ်ကျသွားသည်။

"ဟာ ပူလိုက်တာ အာ့ ဖူး..ဖူး.."
"အာာ sorry နော် ဆရာ မတော်လို့ တိုက်မိသွားတာ"

ခယောင်းကလဲ မတ်တပ်ရပ်ကာ ခါချနေရသည် အဝတ်တွေလဲ စိုရွဲကုန်ပြီ။

ဆရာက
"ရေချိုးခန်းတွေဘက်သွားပြီး ဆေးလိုက်လေ အားကစား အကျီလဲ ဝတ်ခဲ့လိုက်ပေါ့
အဆင်ပြေတယ်မလား ဆရာဒီက စိုတဲ့ စာရွက်တွေနဲ့ ကြမ်းပြင်ကို ရှင်းထားလိုက်မယ်"
"ဟုတ်ကဲ့ ကျွန်တော်လဲပြီး ပြန်လာခဲ့မယ်နော်"
"အေးအေး"

ခယောင်း ယောင်္ကျားလေးရေချိုးခန်းထဲသို့ လာသောအခါ ရေသံများကြားရသဖြင့်
*ဟာ ဒီအချိန်ကြီး လူရှိသေးလို့လား သရဲများလားမသိဘူး*
ဆိုတွေးမိပြီး ကြောက်လာသော ခယောင်းရှင်..

တကယ်က တိမ်တိုက် ရေချိုးနေတာပါ😶

ခယောင်းလဲ ကြောက်ကြောက်နဲ့ ဘေစင်မှာ အကျီချွတ်ပြီး လျှော်နေလိုက်သည်။
အပေါ်ပိုင်းက အဝတ်မပါဘူးပေါ့🤭
ရေသံများ ရုတ်တရက် တိတ်သွားသောအခါ

Dear My DoctorWhere stories live. Discover now