Unicode
တိမ်တိုက်ဆေးရုံမှ အိမ်ပြန်လာသော အခါ ဒေါ်လေးမှ သူ့ကို အိမ်ရှေ့ထွက်ကြိုကာ
"သားလေး ရောက်ပြီလား သားကြိုက်တဲ့ဟင်းတွေချက်ထားတယ် မင်းဦးလေးနဲ့ သုခ ကတော့ ထမင်းစားနေကြပြီကွဲ့"
"ဟုတ်ကဲ့ ဒေါ်လေး ကျွန်တော် မုန့်တွေ ဝယ်လာသေးတယ် ထမင်းစားပြီးရင် စားပေါ့"တိမ်တိုက်လက်ထဲမှ မုန့်ထုပ်တွေ ကမ်းပေးလိုက်သည်။
တိမ်တိုက်ရဲ့ မိဘ များက တိမ်တိုက် 15 16အရွယ်မှာ ဆုံးပါးသွားကြပါပြီ။ဦးလေး အေဒါ်နဲ့ ညီလေးသုခ တို့နဲ့ တူတူနေနေရတာပါ။ သုခကတော့ သူ့ကိုယ်ပိုင် အလုပ်အကိုင်လေးနဲ့ အဆင်ပြေနေပါတယ်။
တိမ်တိုက်တို့ မိသားစု ထမင်းဝိုင်းပွဲတွင် ဒေါ်လေးဖြစ်သူမှ
"အော် ဟုတ်သားဘဲ မေ့နေလိုက်တာ လှိုင်သခင် တောင် မနက်ဖြန်ဆို ရန်ကုန်ပြန်ရောက်ပြီတဲ့ အင်း အဲ့ကလေးမလဲ နိုင်ငံခြားသွားတာ လေးနှစ်တောင်ရှိပါကောလား"လှိုင်သခင်ဆိုလို့ တိမ်တိုက် သတိရမိသွားသည်။လက်စွပ် ဟာ ဟုတ်သား လက်စွပ်က ကျပျောက်ခဲ့တာဘဲ။ လှိုင်သခင်ဆိုတာက ငယ်ငယ်က အိမ်နီးချင်းကလေးမလေး။တိမ်တိုက်မိဘတွေ ကားအက်စီးတန့် ဖြစ်ပြီးဆုံးတော့ လှိုင်သခင်က အိမ်လာရောက် နှစ်သိမ့်ရှာတယ်။ လှိုင်က တိမ်တိုက်ထက် လေးနှစ် ငါးနှစ်လောက်ငယ်တယ်။
"ကိုကို မငိုနဲ့တော့နော် တိတ်တိတ် လှိုင်ရှိတယ်လေ ကိုကိုရဲ့ ကိုကိုငိုတာ မြင်ရတော့ လှိုင် ဝမ်နည်းလိုက်တာ "
ဆိုကာ မျက်ရည်တွေကို သုတ်ပေးခဲ့သော လှိုင်ဆိုသည့်ကလေးမလေး
လူပျိုပေါက် အရွယ် တိမ်တိုက် ငိုတာကို ကလေးမလေးက လာချော့ပေးတာတဲ့ သူ့မှာ ထမင်းစားရင် ပြန်တွေးမိပြီး ပြုံးမိသည်..."ဟာ အမေ လှိုင်ပြန်လာပြီပေါ့ အမေကလဲ စောစောမပြောဘူး သားက သူ့ကိုသတိရနေတာဗျ"
သုခ ဆီမှ အသံထွက်လာသည်။ သုခနဲ့ လှိုင်က ရွယ်တူတွေ ပြီးတော့ သူငယ်ချင်းတွေပေါ့။တိမ်တိုက်ကလဲ သုခ လှိုင်သခင့်ကို တဖက်သတ်ကြိုက်နေတာ သိသားဘဲ။
"အေးပါဟယ် ငါ့ခေါင်းကလဲ မေ့တတ်လိုက်တာ "
တိမ်တိုက်ကတော့ ဘာ့မှမပြောဘဲ ငြိမ်နေလိုက်သည်။ငယ်ငယ်က ခင်ခဲ့သည့် ညီမလေးကို ပြန်တွေ့ရမယ်ဆိုတဲ့ စိတ်နဲ့သာ ဝမ်းသာနေသည်။ လက်စွပ်လေးက လှိုင် နိုင်ငံခြားမသွားခင် တိမ်တိုက်ကို ပေးခဲ့တာဖြစ်သည်။
YOU ARE READING
Dear My Doctor
RomanceUnicode "အချစ်တဲ့လား ဟင့်အင်း အချစ်ဆိုတဲ့ အရာကို ငါမယုံဆုံးဘဲ ငါ့အတွက်က ယောင်္ကျား မိန်းမ အရေးမကြီးပါဘူး အချစ်ကို ယုံအောင် လုပ်ပေးနိုင်မယ့်သူ ရှိလာရင် ကျေနပ်ပါပြီ..." ---ခယောင်းရှင် "ယောင်္ကျားလေးချင်း ချစ်ရမယ်လို့ ဘဝမှာ တစ်ခါမှ စိတ်မကူးခဲ့ပါဘူး ကျ...