Unicode
နောက့်တေန့..
ခေယာင်းကျောင်းထဲသို့ ဝင်လာသည်။မင်းခန့်မှာ ကျောင်းခန်းထဲကနေ သူ့အားလှမ်း လက်ပြနှုတ်ဆက်ကာ သူ့ဆီ လာခဲ့သည်။"မနေ့က ပေးတဲ့အိမ်စာမင်းနားလည်တယ်မလား ငါ့ကို ပြန်ရှင်းပြစမ်းပါကွာ မနေ့က သင်နေတဲ့အချိန် အိပ်ငိုက်သွားလို့ ဟီးဟီး.."
မင်းခန့်က ပြုံးစိစိဖြင့် ခယောင်းအားတောင်းဆိုလာသည်။
"အေ့ပါ မင်းက အမြဲတမ်းဒီလိုဘဲ လာလာ"
ဆိုကာ နှစ်ယောက်ထဲ စာသင်ခန်းထဲဝင်သွားကြပြီး စာလုပ်ကြလေသည်။နေ့လည် ထမင်းစားကျောင်းဆင်းတော့ ကျောင်းထမင်းစားခန်းတွင် ခယောင်း၊ မင်းခန့်ဇင်ရယ် သီရိနဲ့ မိုးမခ ရယ် ထမင်းတူတူစားနေကြသည်။သီရိနဲ့ မိုးမခ ကတော့ ခယောင်း အထက်တန်းတက်မှ ပေါင်းမိတဲ့သူငယ်ချင်းတွေပါ ။
သူတို့လေးယောက် မျက်နှာချင်းဆိုင် ထိုင်စားနေကြစဉ်တွင်..
Dr.တိမ်တိုက်မှာ ထမင်းပန်းကန်ဖြင့် သူတို့အနားေရာက်လာသည်။
"ကျွန်တော် ဒီမှာ တူတူထိုင်စားလို့ ရလား"
လို့ တိမ်တိုက်က ခယောင်းကို ကြည့်ပြီးမေးသောအခါ ခယောင်းက အဖက်ပင် ပြန်မလုပ် သူစားစရာရှိတာသာ ဆက်စားနေသည်။
ထိုအခါ ကျန်တဲ့သုံးယောက်က အားနာနာဖြင့် "ဟာ ဆရာရယ် ရတာပေါ့ ထိုင်ထိုင်"
"ဟုတ်တယ် ဆရာရဲ့ သူက အဲ့လိုဘဲ စိတ်မရှိနဲ့နော် ဟီး.."
ဆိုသဖြင့် တစ်ယောက် တစ်ပေါက်ဆီ ထွက်လာကြလေသည်။ ခယောင်းကလဲ ထိုမှ အသိလေးဝင်ကာ မင်းခန့်ဘေး တိုးကာ တိမ်တိုက်အား ထိုင်စေသည်။
တစ်လုတ် နှစ်လုတ် စားပြီးသောအခါ တိမ်တိုက်က ခယောင်းအား
"မနေ့က ခယောင်းပြန်တော့ လက်စွပ်လေးဘာလေး ကောက်မတွေ့ဘူးလား"
"ဗျာ "
ခယောင်းမျှော်လင့်ထားသည့် အတိုင်းမေးလာတော့ သူလဲ အမှန်တိုင်း ပြောရန်စဉ်းစားလိုက်သည်။ ဒါပေမဲ့ ထိုအချိန်လေးတွင်ပင်
တိမ်တိုက်ရဲ့ ဖုန်းလာခဲ့လို့ တိမ်တိုက်လဲ ကောက်ကိုင်ကာ စားပွဲမှ ထပြီး ခပ်လှမ်းလှမ်းတွင် ဖုန်းသွားပြောနေသည်။ထိုအခါ သီရိမှ
"ဟဲ့ ဘာလက်စွပ်ကိုပြောတာလဲ"
"မသိဘူးလေ ငါမနေ့က ပြန်တာတော့ နောက်ကျတယ် ဒါမဲ့ ဘာ့မှတော့ ကောက်မရပါဘူး🤷🏻♂️"
ခယောင်းတို့ ဗြောင်လိမ်ခြင်းဖြစ်သည်။အဲ့လို လိမ်ရတာကလဲ မနှစ်က သူတစ်တန်းလုံးရဲ့ အရှေ့မှာ အရှက်ကွဲခဲ့ခြင်းကြောင့်ဖြစ်သည်။
ထိုဖြစ်ရပ်အား မျက်စိထဲတွင်ပြန်ဝင်လာကာ ခယောင်းမကျေမနပ် ဖြစ်သောကြောင့် လိမ်လိုက်ရသည်။
YOU ARE READING
Dear My Doctor
RomanceUnicode "အချစ်တဲ့လား ဟင့်အင်း အချစ်ဆိုတဲ့ အရာကို ငါမယုံဆုံးဘဲ ငါ့အတွက်က ယောင်္ကျား မိန်းမ အရေးမကြီးပါဘူး အချစ်ကို ယုံအောင် လုပ်ပေးနိုင်မယ့်သူ ရှိလာရင် ကျေနပ်ပါပြီ..." ---ခယောင်းရှင် "ယောင်္ကျားလေးချင်း ချစ်ရမယ်လို့ ဘဝမှာ တစ်ခါမှ စိတ်မကူးခဲ့ပါဘူး ကျ...