Unicode
"ရှောင်ကျန့်...ဟေ့ ရှောင်ကျန့် ထစမ်း..."
"မားကလည်း အခုမှအစောကြီးရှိသေးတာကို.."
"ဘာ!!!. ..မားဟုလား...ထစမ်း ရှောင်ကျန့်! !"
ရှောင်ကျန့်လည်းရိပေါ်အော်လိုက်တာကြောင့်လန့်နိုးလာတယ်
"ဗျာ ဗျာ ဦး.."
"မင်းဘယ်အချိန်ထိအိပ်ဖို့စိတ်ကူးနေတာလဲဟမ် ခုဘယ်ချိန်ရှိနေပြီလဲ ကြည့်စမ်း.."
"ေခြာက် နာရီပါ ဦး.."
"အေးခြောက်နာရီတောင်ရှိနေပြီ..မင်းမထသေးဘူးလား..ငါဘယ်အချိန်ကုမ္ပဏီသွားရမလဲ မင်းပြောကြည့်..."
"ဟို...ဟို.."
"ဘာမှဟိုမနေနဲ့ ငါကမင်းယောကျ်ားဆိုတာရောမင်းမှတ်မိသေးလားဟမ် ငါမထခင်မင်းအရင်ထပြီ ငါ့ဝေယျာဝစ္စတွေမင်းလုပ်ပေးရမှာမင်းမသိဘူးလား...ဟမ် နောက်နေ့ကစပြီးမင်းဒီလို့ဖြစ်တာမလိုချင်ဘူး.. မင်းငါ့ထက်အစောကြီးထပြီးငါ့ကိစ္စတွေအကုန်လုံးကိုမင်းလုပ်ပေးရမယ်ကြားလား...."
"ဟု..ဟုကဲ့ပါဦးဒါပေမဲ့ ကျန့်ကျန့်ကအိမ်အလုပ်တွေမှ မလုပ်တက်တာ..."
"ဘယ်သူကမှမွေးကတည်းကတက်တဲ့လူမရှိဘူး
သင်ယူမှတက်တာ. အဲ့တော့မင်းဒေါ်လေးကောင်းဆီက အိမ်ကိစ္စတွေအကုန်သင်ယူရမယ် နောက်ဆို အဲ့ဒါတွေကိုအကုန်မင်းလုပ်ရမယ် ကြားလား..""ဟု..ဟု..ကြားပါတယ်ဦး..."
"နောက်ပြီးတစ်ခုရှိသေးတယ်..ခုချိန်ကစပြီးမင်းပါးစပ်က မင်းမားအကြောင်းမထွက်မိပါစေနဲ့ မင်းနဲ့သူနဲ့က ဘာမှလည်းမဆိုင်တော့သလိုပတ်သက်စရာလည်းအကြောင်းမရှိဘူး...မင်းအိမ်သွားတဲ့နေ့က မင်းမားပြောခဲ့တာတွေမင်းမှတ်မိမှာပေါ့.. အဲ့တော့ မင်းမားအကြောင်းကိုငါရှေ့မှာမပြောမိပါစေနဲ့ ကြားလား..."
"ဟုကြားပါတယ်..."
*ဦးရယ် အဲ့လောက်ကြီးထိလုပ်ဖို့လို လို့လားဟင်..ဘာကြောင့်များလဲဦးရယ်..*
"အောက်မှာဒေါ်လေးကောင်းရောက်နေပြီသွားကူလုပ်တော့..."
"........."
YOU ARE READING
Love born of hatred
Fanfictionငါတို့မိသားစုအပေါ်မှားခဲ့တဲ့တွေအတွက်မင်းပြန်ပေးဆပ်ရမယ်ရှောင်ကျန့်...မင်းကငါ့အတွက်တော့အသုံးချခံသက်သက်ပဲ ဝမ်ရိပေါ် ဦးပြောသလိုကျန့်ကျန့်နေပါ့မယ်...ဦးခိုင်းသမျှကျန့်ကျန့်လုပ်ပေးပါမယ်...ဒါမဲ့ကျန...