Love born of hatred (part-25)

2.8K 178 19
                                    

Unicode

ရှောင်ကျန့်မနက်အစောကြီးထပြီ...မနက်စာပြင်ပေးပြီ.ကျောင်းကိုအစောကြီးထွက်လာခဲ့တယ်...

ရိပေါ်နိုးလာတော့အပေါ်ထပ်မှာရောအောက်ထပ်မှာရောရှောင်ကျန့်ကိုမတွေ့မိ...

ရိပေါ်ထမင်းစားခန်းထဲရောက်ရော..စာရွက်တစ်ရွက်ကိုတွေ့လိုက်ရတယ်...

*ဦး..ကျန့်ကျန့်assingmentတွေထပ်စရာရှိလို့ကျောင်းကိုစောစောသွားပြီ..ဦးအတွက်မနက်စာပြင်ပေးခဲ့ပါတယ်ဦး..*

"ဟူး...."

ရိပေါ်မနက်စာစားဖို့ပြင်တုန်းမနေ့ကအကြောင်းအရာတွေပြန်စဥ်းစားမိပြီး...ဘာမှန်းမသိတဲ့ခံစားချက်တွေထွက်ပေါ်လာတယ်..

"ဒူ..ဒူ...."

"အင်း.."

"Ceo. .သတင်းကြည့်ပြီးပြီလား.."

"ဘာသတင်းလဲ.."

"ကျွန်တော်ပို့လိုက်ပါမယ်..."

ရိပေါ်ကျင်းလင်ပြောတဲ့သတင်းကိုကြည့်လိုက်တယ်...

"တောက်..."

"ကျင်းလင်. အဲ့သတင်းကိုဒီထက်ပိုမပြန့်ခင်အမြန်ဆုံးလိုက်ပိတ်..နောက်ပြီးသတင်းတင်တဲ့လူကိုအမြန်ရှာပေး.."

"ဟုကဲ့ပါ..Ceo. .."

*ရှောင်ကျန့်..ရှောင်ကျန့်...မင်းကတကယ်အရှက်သိက္ခာမရှိပြီးတန်ဖိုးမဲ့တဲ့လူပဲ...*
.......................

*ဟင်း...တော်ပါသေးတယ်ကျောင်းကိုဦးမနိုးခင်ထွက်လာလို့...မဟုရင်ဦးကိုငါဘယ်လိုမျက်နှာပြရမလဲမသိဘူး...*

"ဟဲ့..အဲ့ဒါဟိုကောင် မလား.."

"အေးဟုတယ်..ကြည့်စမ်းပါအုံး..ရုပ်ကလေးကသနားကမားနဲ့ရွံဖို့ကောင်းလိုက်တာ.."

"ဟုတ်ပ...လာသွားမယ်..ဒီနားကမသန့်ဘူး.."

*သူတို့ငါ့ပြောသွားတာလား...မ​​​​​​ဖြစ်နိုင်ပါဘူး..*

"ဟဲ့ဟိုမှာသူလာ​နေပြီ.."

"ဝေးဝေးကသွားမယ်..ရွံစရာကောင်းတယ်.."

ရှောင်ကျန့်ကျောင်းအဝင်ကတည်းကလူတွေကထူးဆန်းတဲ့မျက်လုံးတွေရွံရှာတဲ့မျက်လုံးတွေနဲ့သူ့ကိုကြည့်နေကြတာသတိထားမိပေမဲ့..ဘာကြောင်းလဲဆိုတာတော့သူမသိ...

Love born of hatredWhere stories live. Discover now