Love born of hatred (part-43)

3K 168 32
                                    

Unicode

"ကလေးငယ်တဲ့လား.....အရင်တုန်းကခေါ်ခဲ့ရင်သိပ်ကိုပျော်ခဲ့မိမှာပဲ...ဦးဝမ်ရိပေါ် ......."

ရိပေါ်...ထိတ်လန့်သွားတယ်...

ရှောင်ကျန့်ရဲ့မျက်လုံးတွေဟာငိုထား၍ရဲတောက်နေတယ်......ထိုရဲတောက်နေတဲ့မျက်လုံးတွေနဲ့ ရိပေါ်ကိုစိုက်ကြည့်နေတယ်.

"က...ကလေး..ဦး.."

"မပြောနဲ့......"

".........."

"ဘာမှမပြောပါနဲ့.....တော်လောက်ပြီ ဒီလောက်ဆို...တော်လောက်ပါပြီ..ဟင့်..ဟင့်..နာကျဥ်ပြီးပြီပဲ....ခံစားခဲ့ရပြီးပြီပဲ..တော်ပါတော့ထပ်ပြီး နာကျဥ်အောင်မလုပ်ပါနဲ့တော့.. ဟင့်..ဟင့်.....ပင်ပန်းလို့ပါ...ဟင့်.ဟင့်.....ဟင့်..တောင်းပန်ပါတယ်..
ဟင့်...ဘာလို့ထပ်ပြီးပေါ်လာရတာလဲ...ရွှတ်  
အဆင်ပြေနေပြီလေ..အရာအားလုံးသူ့ဟာနဲ့သူဖြစ်နေပြီပဲ....ဘာလို့လဲ....ဘာလို့ကံကြမ္မာကရက်စက်ရတာလဲ.. "

"ဦးရှင်းပြ ပါရစေ ကလေးငယ်.."

"ဟား...ဟား..ရှင်းပြမယ်...ဟုလား..ဟား..ဟား...ဘာကိုရှင်းပြအုံးမှာလဲ..ဟမ်..
တော်ပါတော့.... ပြီးသွားခဲ့ပါပြီ..ဘာမှမသိချင်တော့ဘူး...ထပ်ပြီးမနာကျဥ်ပါရစေနဲ့တော့..
၂ နှစ်  ၂နှစ်တောင်ခင်များဆီမှာဒုက္ခခံ ပြီးပြီပဲ.
ကျေးဇူးပြုပြီး ထွက်သွားပေးပါတော့.  ကျေးဇူးပြုပြီ....ဟင့်..ဟင့်..ကျွန်တော့ဘဝထဲက ထွက်သွားပေးပါတော့...."

"ကလေးငယ် ဦးတကယ်ကိုတောင်းပန်ပါတယ်ကွာ.....ကလေးငယ်ထွက်သွားဆို ကိုယ်အပြီးတိုင်ထွက်သွားပေးပါမယ်... ဒါပေမဲ့ကိုယ်မေးတာလေးတစ်ခုတော့ကလေးငယ်ဖြေပေးပါ....ဦးကိုက​လေးငယ် ချစ်လားဟင်"

"ချစ်လား...ဟုလား..မေးရက်တယ်နော် ဦးဝမ်ရိပေါ်....ဟက်..ခင်များကမေးမှတော့ ကျွန်တော်လည်းဖြေရမှာပေါ့....မုန်းတယ် ခင်များကိုအရမ်းမုန်းတယ်...အရင်ကရှောင်ကျန့်ဆိုရင်တော့ခင်များကိုအရမ်းချစ်မှာမှန်ပေမဲ့ ကျွန်တော်ကအရင်ကရှောင်ကျန့်မဟုဘူး....အဲ့တော့မုန်းတယ်...သိပ်မုန်းတယ်..."

"မုန်းတယ်...တဲ့လား..... နာကျင်ရပါတယ်ကလေးငယ်.
ဒါပေမဲ့ ကလေးငယ်ရဲ့အဖြေရလို့ ဦးပြောပါတယ်
ကောင်းကောင်းမွန်မွန်နေခဲ့ပါ.....ပျော်ရွှင်ပါစေကလေးငယ်....အရမ်းချစ်တယ်နော်......"

Love born of hatredWhere stories live. Discover now