2 Z+U

510 42 0
                                    

Baek တစ်ယောက် လေယာဥ်စထွက်ကတည်းက အိပ်လာတာ ခရီးလမ်းတဝက်လောက်မှနိုးလာခဲ့တယ် နိုးလာတော့မှသတိထားမိတာ သူဘေးကတစ်ယောက်ပုခုံးပေါ်အိပ်ပျော်နေခဲ့ခြင်းပင်
သူဘေးကတစ်​ယောက်ကိုကြည့်လိုက်တော့ စာအုပ်တစ်အုပ်ကိုသာအသဲအသန်ဖတ်နေတယ်

"ဟို sorryပါဗျာ ကျွန်တော်က လေယာဥ်စီးရင်အမြဲ အိပ်တတ်တဲ့အကျင့်ကရှိလို့လေး ပြီးရောဘေးကတစ်ယောက်ပေါ်မှာအိပ်တာကလည်းအကျင့်လိုဖြစ်နေတော့လေ ဟိုအဆင်ပြေရဲ့လား နာများနာနေလားဟင်"

"ကျွန်တော်အဆင်ပြေတာမို့ စိတ်ထဲ အများကြီးတွေးမနေပါနဲ့ ပြီးတော့ နာလည်းနာမနေပါဘူး "

ထိုစကားပြောပြီးချိန် သူ့ပုံခူံးက တချက်ကျဥ်တတ်လာတာမို့ ခဏငြိမ်နေလိုက်တယ်
အမှန်တော့ ထိုကောင်လေးကတစ်နာရီနီးပါးလောက်သူ့ပုခုံးပေါ်အိပ်ခဲ့တာမို့ သူ့လက်တစ်ခုလူံးထုံကျဥ်နေခဲ့တာ ဒါပေမယ့် ထိုကောင်လေးရဲ့အိပ်ပျော်နေတဲ့ပုံက အရမ်းကိုချစ်ဖို့ကောင်းတာမို့ သူမနိုးခဲ့တာပင်

"ဟုတ် ဒါနဲ့ အဲ့ဒီဘက်ကဘယ်သူ"
"ကျွန်တော့်နမည် Park chanyeolပါ"

"ကျွန်တော့နမည်က Byun baekhyunပါ တွေ့ရတာဝမ်းသာပါတယ် "

Chanyeolတစ်ယောက်စူ့အရှေ့ကိုရောက်လာတဲ့လက်သွယ်သွယ်လေးကြောင့်ခဏတာကြောင် အ သွားခဲ့တယ် ပြီးမှာ စူလည်းပြန့ကိုင်ပြီး နှုတ်ဆက်လိုက်တယ်

Chan pov--လှလိုက်တဲ့လက်လေး အမြဲတမ်းကိုင်ခွင့်ရရင်ကောင်းမယ်

Baek pov--နွေးထွေးလှတဲ့လက်လေး အမြဲတမ်းထိုလက်ထဲ သူ့လက်ထည့်ထားခွင့်ရရင်ကောင်းမယ်

လေယာဥ်ပေါ်ကကောင်လေးနှစ်ယောက်ကတော့အတွေးကိုယ်စီနဲ့ပြုံးနေခဲ့ကြတယ် ဘယ်သူသိမှာလည်း သူတို့ရဲ့အတွေးတွေကတစ်ချိန်အတည်ဖြစ်လာမယ်ဆိုတာ

At LA
လေယာဥ်ဆိုက်ရောက်တာနဲ့ ဘေးက ကောင်လေးကလေယာဥ်ရပ်တာနဲ့ ရုတ်တရက်ထလိုက်တာမို့ ခြေထောက်ခွေပြီး ကျလာတာမို့ သူလှမ်းဖမ်းလိုက်ရသည်.
လူတစ်ယောက်က ထိုင်တာကြာပြီးရုတ်တရက်ထလိုက်ရင် ခြေထောက်ကြွက်သားတွေအလုပ်မလုပ်ဘဲ ပြုတ်ကျတတ်သည်မလား

Limit Infinity (complete)Where stories live. Discover now