baekhyunကို ကျောင်းဆေးခန်းပြပြီး လုဟန်နဲ့ဆယ်ဟွန်းကိုပြောကာ အဆောင်သို့ပြန်ခဲ့လိုက်သည်
"တစ်ခုခုစားပြီးဆေးသောက်ရမယ် ဘတ်ခ်ဟျွန်းနီ ငါစားဖို့တစ်ခုခုသွားလုပ်လိုက်ဦးမယ်"
"အင် ဖြေဖြေးလုပ်ပါ"ချန်ယောလ် မီးဖိုခန်းထဲသို့ဝင်သွားချိန်
ချန်ယောလ်လီကအရမ်းကြင်နာတတ်တာဘဲ ပြီးတော့ အရမ်းလည်းချောတယ် သူ့ကိုရတဲ့ကောင်မလေးတော့ ကံအကောင်းဆုံးလူသားလေးဘဲ
ဘတ်ခ်ဟျွန် သူ့အတွေးကသူ့ကိုပြန်သတ်နေသလိုဘဲ ရင်ဘတ်ထဲရ ဆူးအောင့်လာသည်
ဟင်းးးးးး
သက်ပြင်းရှည်ကြီးတစ်ခုချက ဘောင်းဘီအိတ်ထဲက ဖုန်းထုတ်လိုက်သည်ဆယ့်ငါးမိနစ်အကြာ
Chanyeol မားမားပြုတ်နဲ့ ကြက်ဥလိပ်ကိုင်ကာအပြင်ထွက်ခဲ့သည်"သားအဆင်ပြေပါတယ် မားမား
ဒီတိုင်းခြေခေါက်သွားရုံပါ ပြီးတော့ အဆောင်တူတူနေတဲ့သူငယ်ချင်းကလည်းအများကြီးဂရုစိုက်ပေးတာမို့ စိတ်မပူပါနဲ့နော်""မပူလို့ရမလား ဒီသားလေးတစ်ယောက်ထဲရှိတာကို ဆေးလည်းသေချာလိမ်နော် တစ်ခုခုဖြစ်ရင်ပြန်သာလာခဲ့ ကြားလာ"
"ဟုတ် မာမား သားဂရုစိုက်ပါမယ့် အာ့ဆို ဒါဘဲနော် မွမွ ချစ်တယ်"
"aigoo အချွဲတုန်းလေး ဟူတ်ပါပြီးရှင် ဒါပါဘဲ"
ဘတ်ခ်ဟျွန်းဖုန်းချပြီး ဗန်းတစ်ခုကိုကိုင်က ရပ်နေသော ချန်ယောလ်ကိုကြည့်ရင်း
"အဲ့မှာဘာရပ်လုပ်နေတာလည်း ချန်ယောလ်လီ ဒီလာလေ"
"ဘတ်ခ်ဟျွန်းနီဖုန်းစကားပြောနေလို့ စောင့်နေတာ"
ချန်ယောလ် ဘတ်ခ်ဟျွန်းဘေးသွားရင်းအဖြေပေးလိုက်သည်
"အော် မားနဲ့ပြောနေတာ ကျောင်းက ဆရာဖုန်းဆက်လိုက်တာထင်တယ် အဲ့တာဖုန်းဆက်မေးလို့ပြန်ဖြေနေတာ"
"ကိုယ်သိပါတယ် ဒီမှာ ရေခဲသေတ္တာထဲဘာမှသိပ်မရှိနေလို့ ရှိတာနဲ့ဘဲ ချက်ခဲ့လိုက်တယ် ညနေကျမှ ကုန်တိုက်သွားတော့မယ်"
"ဝါးးးး ရှယ်ဘဲ ကြက်ဥလိပ်မစားရတာတော်တော်ကြာနေပြီး မားက ကြက်ဥအနံ့မခံနိုင်တော့ မလုပ်ဘူးလေ အဲ့တာ အပြင်မှာတစ်ခုတစ်လေမှစားဖြစ်တာ"
YOU ARE READING
Limit Infinity (complete)
Fanfictionအချစ်စစ်ရင် သေမင်တောင်းလွယ်လွယ်မခွဲနိုင်ဘူးတဲ့ ကိုယ့်ရဲhyunee