chanyeolတစ်ယောက်အမှောက်ထဲစမ်းတစ်ဝါးဝါးလမ်းလျှောက်နေရင်း ရင်းနှီးနေတဲ့အနံ့လေးတစ်ခုပျံ့လွှင့်လာကာ သူအားခေါ်ယူနေတာမို့ အနံ့လေးရဲ့ခေါင်ဆောင်ရာအနောက်လိုက်ရင်း အလင်းတန်းတစ်ခုကစူးနှစ်စွာပေါ်လာလေသည်
"မောင်"
ထို့နောက်သူ့နားထဲသဲ့သဲ့ကြားလိုက်ရတဲ့ခေါ်တယ်
"မောင်"
နောက်တစ်ကြိမ်ထပ်ကြားလိုက်ရချိန် သူ့တစ်ကိုယ်လုံးရှိသွေးများ ပြောင်းပြန်စီးစဥ်းသွားသည့်အလား တစ်ကိုယ်လုံးအေးစက်သွားလေသည်
"မောင်"
သုံးကြိမ်မြှောက်ခေါ်သံမှာတော့ သူ့ကအလင်းတန်းရဲဆွဲခေါ်မှုနောက်လွှင့်ပါသွားလေသည်
သူနောက်တစ်ကြိမ် အမှောင်ထုထဲ ပြန်ရောက်သွားခဲ့ ပြီးသူသတိရလာချိန်မှာတော့ သူကအပြင်လောကထဲရောက်လာပြီးဖြစ်သည်
"သား chanလေး သတိရလာပြီးလား ခဏနော် အဖေ chaerin ကိုသွားခေါ်လိုက်ဦးမယ်"
chanyeolပြေးထွက်သွားသောဖခင်ဖြစ်သူအားတစ်ချက်ကြည့်ကာ သူသတိမရခင် ကြားလိုက်ရသော အသံ ကိုစဥ်းစားနေမိသည် သူရင်းနှီးသည် ရင်းရင်းနှီးနှီးကိုသိတယ် ဒါပေမယ့် ဘယ်သူလည်းသူမသိပေ
"chanyeolshi သတိရလားပြီးလား "
Dr.ဖြစ်ဟန်တူသော အမျိုးသမီးသည်သူ့အားအပြုံးလေးဖြင့်အမေးရှိရာ သူခေါင်းညိတ်ပြီးတော့သာဖြေမိသည်
"ဘာမှစိုးရိမ်စရာမရှိတော့ဘူး မင်းစိတ်ထဲဘာတွေဖြစ်နေလည်းnoonaကိုပြောပြနိုင်မလား"
"ကျွန်တော် ဘယ်လိုဖြစ်လို့ဒီရောက်နေတာလည်း"
သူ့အမေစကားကြောင့် သူ့ပါးပါးသည် မျက်နှညပျက်သွားသည်ကိုတွေ့လိုက်ရသည် ဒါပေမယ့်သူမသိတာတော့သူမေးရလိမ့်မယ် သူဘာလို့ဒီဆေးရုံရောက်နေလည်းသူတကယ်မသိပေ
"chanyeolshi noonaမေးတာကို တိတိကျကျဖြေပေးနော်"
သူခေါင်းညိတ်ပြလိုက်သည်
"ဒါဘယ်သူလည်း"
"ပါးပါး"
"မင်းအသက်ဘယ်လောက်လည်း"
YOU ARE READING
Limit Infinity (complete)
Fanfictionအချစ်စစ်ရင် သေမင်တောင်းလွယ်လွယ်မခွဲနိုင်ဘူးတဲ့ ကိုယ့်ရဲhyunee