သူတို့နှစ်ယောက်ရဲ့ပထမဆုံးအကြိမ်ဖြတ်သန်းပြီး 1လ အကြာ
"hello မား နေကောင်းလား"
"..........."
"ဗျား မားကလည်းမနောက်ပါနဲ့"
"............"
"ကျွန်တော်လက်မခံနိုင်ဘူးမား ကျွန်တော့်မှာချစ်ရသူရှိတယ် ကျွန်တော်သူ့ကိုဘဲ လက်ထက်မှာ"
"........."
"မာ မားးးး"
baekhyun ကုတင်ပေါ်တွင်အရုပ်ကြိုးပျက်ထိုင်ချကာ ငိုနေမိသည်
"အချစ် ဘာဖြစ်တာလည်း ဘာလို့ငိုတာလည်း အမေကဘာပြောလိုက်လို့လည်း မောင့်ကိုပြော"
ရေချိုးခန်းထဲကထွက်တာနဲ့ ကုတင်ပေါ်တွင်ငိုနေသောချစ်ရသူကြောင့် ထိုအနားအရင်သွားလိုက်သည်
"ဟင့် မောင် မားကလေ ဟင့် သိသွားပြီး ချစ်တို့အကြောင်းကို အီးဟီး"
"အေပါ အေပါ မငိုနဲ့တော့နော် သိသွားတော့ မောင်တို့တောင်ပြောစရာမလိုတော့ဘူးမလား"
သူလေးစိတ်နည်းနည်းဖြေအောင် ပြောလိုက်ပေမယ့် သူ့ရင်ထဲမှာတော့ ငလျင်အကြီးကြီးတစ်ခုလှုပ်ခတ်လို့နေသည်
"မားကလေ ကျွန့်တော့်ကို သူ့အသိ တစ်ယောက်ရဲသမီးနဲ့ လက်ထက်ပေးမယ်လို့ပြောနေတယ် "
"အချစ် တကယ် တကယ်ဘဲ သူတို့နားမလည်ပေးကြဘူးဘဲ အချစ်မောင့်ကိုယုံတယ်မလား"
"အင် မောင်"
"အဲ့တာဆို မောင်တို့ထွက်သွားကြရအောင်"
"မောင် ဒါက ပြသနာတစ်ခုကိုဖြေရှင်တဲနည်းမဟုတ်ဘူးလေ အချစ်ကိုချစ်တယ်ဆို အချစ်အမေ သဘောတူအောင်မောင်ကြိုးစားရမှာမဟုတ်ဘူးလား"
"ရမယ်ထင်လား ဟမ်း သူတို့က မောင်တို့ အသက်နဲ့ရင်းသွားရင်တောင် နားလည်ပေးကြမှာမဟုတ်ဘူး အချစ်ဆုံးဖြတ်ပါ မောင့်နဲ့အတူတူထွက်ပြေးကြမလား ဒါမှမဟုတ် အချစ်အမေ ရွေးချယ်ပေးထားတဲ့လမ်းကိုရွေးမလား တစ်ခုဘဲ မောင့်အဖေကိုလည်းထည့်စဥ်းစားပေး သူကအချစ်အမေထက် ပိုဒေါသကြီးသလို တစ်ယူသန်တစ်ယောက်မို့"
YOU ARE READING
Limit Infinity (complete)
Fanfictionအချစ်စစ်ရင် သေမင်တောင်းလွယ်လွယ်မခွဲနိုင်ဘူးတဲ့ ကိုယ့်ရဲhyunee