"ချန်းယောလ်လီ... မင်းအားလား?"
ချန်းယောလ်လီ. . .ထိုနာမည်အား
ထိုလူသား ကျွန်ုပ်ကိုအလိုရှိလို့အခေါ်တော်ဆင့်သည့်အခါ
ခေါ်ဆိုတတ်သည်။"အင်း အားတယ်လေ"
"ဟာ...ဒါဆိုလေ"
ဝမ်းသာရွှင်လန်းနေတဲ့အသံလေးက
ရွှင်မြူးစွာအစပျိုးလာသည်။"မနက်ဖြန် ငါတစ်နေရာသွားစရာရှိလို့
မင်းလိုက်ခဲ့ပေးပါဦးလား?""မနက်ဖြန် မင်းအတန်းမတက်ဘူးပေါ့"
"အို...မင်းကလည်း တစ်ခါတစ်လေ ပျက်တာပဲကို"
"ဘာကိုတစ်ခါတစ်လေလဲ
တစ်ပတ်ကို လေးရက်လောက်ပျက်နေတာကို""ဟာ...မင်းက ဆရာကြီးလုပ်ပြန်ပြီ!
လိုက်ခဲ့ပေးမှာလား မလိုက်ဘူးလား
စိတ်မရှည်တော့ဘူး"ကျွန်တော် တစ်ခွန်းတစ်လေ ဆူပူသံလေးများကြားရရင်
ထိုလူသားဟာ အခုလို စိတ်မရှည်သလေး ဘာလေး ပြောတတ်သေးသည်။မျက်နှာတော် တစ်ချက်အညှိုးခံမတဲ့လား။
"လိုက်ခဲ့မယ် ဘယ်ကိုလဲ"
"အီထယ်ဝန်းဘက်ကို"
"ဘာလုပ်ဖို့လဲ ..."
"ဟာ...ရောက်ရင်သိလိမ့်မယ်ကွာ
မနက်ဖြန်ငါလာခါ်မယ် ကိုးနာရီလောက်ကွာ နော်""ဟုတ်ပါပြီ..."
ချန်းယောလ်လီကချစ်ဖို့အကောင်းဆုံးပဲ'ဆိုတဲ့ရယ်သံစွက်တဲ့စကားလေးက ဖုန်းချသွားတဲ့အထိတောင် နားစည်ထဲကတိုးလျှိုပြီး နှလုံးသားနုနုရဲ့ အောက်ခြေတစ်နေရာဆီစုပေါင်းရောက်ရှိသွားကြတာ သေချာသလောက်ရှိမည်။
ဤသည်က သံယောဇဉ်ကြောင့်လား?
အားကိုးချင်စိတ်ကြောင့်လား?
သို့မဟုတ်. . .?
ဘာအကြောင်းကြောင့်လဲ?
သိသာတဲ့ ထုတ်ဖော်ပြမှုမျိုး
တိကျတဲ့ အဓိပ္ပာယ်သတ်မှတ်မှုမျိုးကို
ကျွန်တော် မဆုံးဖြတ်ရဲသေး။အကြောင်းအရင်း သူနဲ့ကျွန်တော်က သူငယ်ချင်းတွေ။
ချန်းယောလ်ရဲ့အဖေဖြစ်သူဟာ
ဘတ်ဟျွန်းတို့ အဖေရဲ့စက်ရုံကကအလုပ်သမားတစ်ယောက်သာ။