"ချန်းယောလ်လီ. . .ငါနဲ့နွေရာသီပိတ်ရက်ကျရင်
တစ်နေရာသွားကြရအောင်""ဘယ်ကိုလဲ..."
"ဘူချွန်းကိုလေ. . .ဦးလေးနဲ့မတွေ့တာလည်းကြာနေပြီ"
"အင်း...သွားကြတာပေါ့"
အမျိုးသားငယ်နဲ့ကျွန်တော့်ရဲ့အလိုထပ်တူကျခဲ့လို့
ဒီနှစ်နွေကိုတော့ ကျွန်တော့်အဖေရှိရာ
ကျွန်တော်တို့ရဲ့ အထက်တန်းကျောင်းအောင်ခဲ့တဲ့
ဘူချွန်းကို လိုက်လည်ဖို့ဆုံးဖြတ်ခဲ့သည်။တစ်ပတ်တာခရီးဆိုပေမယ့်
တစ်ဦးတည်းသောဗြောင်မျိုးရိုးက
Luggage နှစ်ခုလောက်ထည့်လာသည်။"ဗြောင်ဘတ်ဟျွန်း...ဘာတွေများဒီလောက်ထည့်လာရတာလဲဟမ်!"
"ချန်းယောလ်ကလည်း ဒီလိုပဲ နည်းနည်းပါးပါးပေါ့"
သူကတော့ပေါ့ပေါ့ပါးပါးရယ်သံလေးစွက်ကာပြောပေမယ့်
ချန်းယောလ်မှာတော့ မနိုင်မနင်း သယ်ပိုးလိုက်ရတာ။အမြန်ရောက်ချင်ဇောကြီးနေတဲ့အမျိုးသားက
လမ်းတစ်ထောက်တောင်မနားခိုင်းတာမို့
နေ့လည်လောက်မှာ ဘူချွန်းကို စောစောရောက်လာကြသည်။"ဦးလေရေ...!"
စိုက်ခင်းထဲ တလှုပ်လှုပ်နဲ့အလုပ်ရှုပ်နေတဲ့
ဦးလေးပတ်ခ်ကတော့ ဘတ်ဟျွန်းရဲ့အသံကြားတာနဲ့
အပြေးလေးကိုရောက်လာတော့သည်။မသိရင် ချန်းယောလ်က သူ့သားဘတ်ဟျွန်းနဲ့ကပ်ပါလာတဲ့သူငယ်ချင်းကျနေတာပဲ။
"အမယ်လေး...ငါတို့ သူဌေးသားလေးက
အများကြီးချောလာလိုက်တာများကွာ""ဦးလေးအတွက် မုန့်တွေအများကြီးပါလာပါတယ်ဗျ"
"ဟေ ...မုန့်စားချင်လို့ပြောတယ်ထင်နေသလား?"
"ဟဲဟဲ မထင်ပါဘူး သားချောတာသားသိပါတယ်"
"ဟော...ဟိုကောင်လေး လုပ်လေ အထုပ်တွေအိတ်ထဲထည့်လေ
ဘတ်ဟျွန်းနီလေး လာ ဦးလေးဖရဲသီးစိတ်ထားတယ်
အေးအေးလေးစားပြီး အမောဖြေလိုက်ပါဦး
ပင်ပန်းလာရောပေါ့"သားဖြစ်သူကိုအလွမ်းသယ်ဖို့နေနေသာသာ
မတော်ရသေးတဲ့သမက်ကလေးကိုပဲ
မချီရုံတမယ် ချစ်ပြနေတဲ့ အဖေ့ကိုကြည့်ပြီး
ချန်းယောလ် သက်ပြင်းတစ်ချက်ရုံမှတစ်ပါး
အခြားမရှိ။