"အနာဂတ်မှာ မင်း ဘာဖြစ်ချင်လဲ ဘတ်ဟျွန်းနီ"
"ငါလား. . .?"
ခေတ္တတိတ်ဆိတ်သွားသည့် ပတ်ဝန်းကျင်မှာ
လေတိုးသံ အိပ်တန်းတက်ဖို့ပြန်လာသည့်
ငှက်အော်သံများသာရှိသည်။ကျွန်တော်ကတော့ ရွှေရောင်သမ်းရင်းငေးမောနေသည့်
အမျိုးသားငယ်ရဲ့ ဘေးတစောင်းမျက်နှာလေးကိုငေးလျက်သာ
အဖြေတစ်ခုအားစောင့်စားနေမိသည်။ညနေစောင်း တစ်ခုဟာ သိပ်လှမှန်းကျွန်တော်ကောင်းကောင်းသိသည်။
ထိုအမျိုးသားမျက်နှာနှင့်ဖြည့်စွက်ရင်ပေါ့။"ငါ ငှက်တွေလိုပျံသန်းချင်တယ် ချန်းယောလ်
ဒီထပ်ပိုပြီး လွတ်လပ်အောင်ပျံသွားဦးမယ်"အဖြုရောင်ခသည့် သွားစွယ်ဖြူဖြူပေါ်သည်အထိဘတ်ဟျွန်းပြုံးသည်။
"~!"
တုန်ခါလာတဲ့ ဖုန်းရဲ့ ခေါ်ဆိုမှုနာမည်ကိုကြည့်တော့
ဘတ်ဟျွန်းရဲ့အဖေပင်ဖြစ်သည်။*
"အာ...ဦးလေး ဘတ်ဟျွန်းက ကျွန်တော်နဲ့ရှိနေပါတယ်"
*
"ဟုတ်...ဟုတ်ကဲ့ပါခင်ဗျ"
"ဘတ်ဟျွန်း မင်းဦးလေးကို ခရီးသွားမယ့်အကြောင်း
မပြောခဲ့ဘူးလား
ဟိုမှာ မင်းကိုစိတ်ပူနေရပြီ""မင်းနဲ့အတူလာတာပဲ ဘာကိုပြောနေစရာလိုသေးလို့လဲ"
"ဘတ်ဟျွန်းရာ...ဦးလေးက အသက်ကြီးနေပြီလေ"
"မင်းပြောချင်တာက ငါ့ကို ဆိုးလိုက်တဲ့သား အယ့်လို့လား?"
"မဟုတ်ပါဘူးကွာ"
"ချန်းယောလ်ကတောင် ငါ့ကိုဆိုးတယ်လို့ မြင်နေတာလား
ဟက်""ဘတ်ဟျွန်းနီ မင်းကောင်းသည်ဖြစ်စေ
ဆိုးသည်ဖြစ်စေ ငါကမင်းနားမှာ တစ်ချိန်လုံးရှိနေတယ်
မိဘနဲ့သားသမီးဆိုတာ မခေါ်ချင်ပေမယ့် မတော်လို့မရဘူးလေ
ကျေးဇူးတရားဆိုတာ ရှိသေးတယ် ဘတ်ဟျွန်းရဲ့""တော်စမ်းပါ ချန်းယောလ်ရာ ငါ့တစ်ဘဝလုံး
ဘယ်လောက်အထိ ကျဉ်းကျပ်ခဲ့ရသလဲဆိုတာမင်းအသိဆုံးပါပဲ
ငါက အရင်က ဘတ်ဟျွန်းမဟုတ်တော့ဘူး ချန်းယောလ်
ငါ့ကိုယ်ငါလွတ်လပ်အောင်လုပ်တော့မှာ"