မနက် ၉နာရီလို့ပြောပေမယ့် အချိန်ကိုမလေးစားတတ်တဲ့
တစ်ဦးတည်းသောအဆိုးလေးက ၉:၄၅လောက်မှ ရောက်လာသည်။သူ့အချစ်ဆုံး ပြိုင်ကားအဝါလေးကိုအဖေဖြစ်သူ
ထိန်းသိမ်းထားရာက ဒီနေ့တော့ ပြန်ပေးလိုက်သည်ဖြစ်မည်။အမိုးဖွင့်မောင်းလာတဲ့ ပြိုင်ကားလှလှလေးပေါ်မှာ
ထိုလူသားဟာလည်း ဟိတ်ဟန်အပြည့်ဖြင့်။"ချန်းယောလ်...တက်!"
အဆောင်ရှေ့ရောက်တာနဲ့ ကားပေါ်က လှမ်းအော်ကာခေါ်သည်။
ဒီနေ့လည်း ဘယ်လို စိတ်ညစ်စရာတွေပေးမှာလဲမသိ။
အီထယ်ဝန်းလိုနေရာမျိုးကို ချန်းယောလ်ဘာသာဆိုရင်ဖြင့်မရောက်ဖူးမည့်နေရာတွေထဲတွင်ပါမည်။
လူစည်ကားတဲ့နေရာတစ်ခုဖြစ်လို့ဆိုတဲ့အကြောင်းပြချက်ဆိုလုံလောက်ပြီထင်သည်။
ယခုအချိန်မှာတော့ လူရှင်းနေတဲ့ လမ်းမတွေသာရှိသည်။
ဒီနေရာကလည်း အစကတည်းက ညမြူးလေးတွေကျက်စားသည့် နေရာမဟုတ်ပါလား။
ပြိုင်ကားလေးက ကိုရီးယားရဲ့ နိုင်ငံတကာရွာလေးလို့တင်စားကြတဲ့ အီထယ်ဝန်းရဲ့ မတ်စောက်ကွေ့ကောက်သည့်
လမ်းလေးအတိုင်းဆက်မောင်းလာသည်။ကော်ဖီဆိုင်လေးတစ်ဆိုင်ရှေ့တွင်
ချန်းယောလ်နဲ့ဘတ်ဟျွန်းတို့ရဲ့ ခရီးဂိတ်ဆုံးသည် ။လူခြေတတ်နေတဲ့ကော်ဖီဆိုင်လေးရဲ့ ထောင့်စွန်းဝိုင်းမှာ
ရွှေအိုရောင် ဆံနွယ်ပိုင်ရှင်လေးက ကျော့ကျော့မော့မော့ထိုင်နေသည်။ဆိုင်ထဲဝင်လာတဲ့ ဘတ်ဟျွန်းတို့ကိုမြင်သည်နှင့်
နီဆွေးဆွေးနှုတ်ခမ်းသားလေးက မသိမသာခပ်ရေးရေးပြုံးပြလာသည်။ဤသည်ကိုက ဆွဲဆောင်မှုအားကောင်းသည့်
အနောက်တိုင်းသူလေးရဲ့ ပညာတစ်ရပ်ဖြစ်မည်။"Hey... Baby~"
ချန်ူယောလ်နံဘေးမှ ဘတ်ဟျွန်းဟာလည်း
ထိုအမျိုးသမီးလှလှလေးရှိရာကို အမြန်ဆုံးချဉ်းကပ်သွားသည်။ဒီနေ့အတွက် ထိုအမျိုးသားရဲ့ အချိန်ဟာ
ထိုအနောက်တိုင်းသူလေးအတွက်ဖြစ်သွားပြီး