"ချန်းယောလ်. . ."
"အင်းပြောလေ"
ကျောင်းကအပြန် အိမ်မပြန်ချင်သေးဘူးလို့ဆိုတဲ့
ကောင်လေးကြောင့်
ဟန်မြစ်ဆီလာပြီး အတူလမ်းလျှောက်ကြသည်။ဝင်ကာနီးနေရဲ့ နီစွေးစွေးအလင်းရောင်ဟာ
မြစ်ရေပြင်ကို ထိရိုက်ပြီး ထိုအမျိုးသားလှလှရဲ့
မျက်နှာနုနုအပေါ်မှာ တောက်ပစွာနေရာယူနေသည်။ငေးကြည့်ရတာကို သဘောကျတယ်။
ထိုလူသားကိုငေးကြည့်ရတာကို ပိုသဘောကျတယ်။ခပ်တွေတွေငေးကြည့်ရင်း တစ်ခါမှ မမြင်ဖူးတဲ့လူတစ်ယောက်လို
ဘတ်ဟျွန်းဟာငြိမ်သက်နေလွန်းသည်။ချန်းယောလ်ရဲ့ နာမည်ကို ခပ်လေးလေးရေရွတ်ရင်း
တစ်ခါထပ်ပြီးတိတ်ဆိတ်နေပြန်သည်။အတွေးတွေ ဘယ်ကိုများလွင့်နေလဲ ကောင်လေးရေ။
"မင်းရော. . .ဘွဲ့ရလို့ အလုပ်တွေရပြီးရင်
မိန်းမယူပြီး ငါ့ကိုတစ်ယောက်တည်းထားခဲ့မှာလား?""ဘတ်ဟျွန်း..."
ချန်းယောလ်ရဲ့ ငြင်သာတဲ့ခေါ်သံလေးအဆုံးမှာ
နံဘေးက ဘတ်ဟျွန်းက မျက်နှာချင်းဆိုင်လှည့်ကြည့်လာသည်။မျက်ဝန်းကျဉ်းကျဉ်းတွေရဲ့ လေးနက်မှုတန်ချိန်က ဘယ်လောက်များရှိသလဲ ချန်းယောလ်မသိနိုင်တော့တဲ့အထိ။
"ငါက မင်းနဲ့အတူတစ်သက်လုံးရှိနေမှာ
ငါတို့. . ."ဆက်ပြောမယ့်စကားတွေမှာချန်းယောလ်ထပ်ပြီးမစဉ်းစားနိုင်တော့
ငါတို့ကဘာတွေလဲ ဟျွန်း...
တစ်ယောက်မရှိရင် တစ်ယောက်မဖြစ်လာမယ့်တည်ရှိမှုမျိုးလား?
တစ်ယောက်ကငိုရင် တစ်ယောက်ကနာကျင်နေမယ့်ဖြစ်တည်ခြင်းလား?အသံတိမ်ပြီးပျောက်ကွယ်သွားတဲ့ချန်းယောလ်ရဲ့စကားကို
ဘတ်ဟျွန်းက ထပ်မံဖြည့်စွက်ပေးလိုက်သည်။"ငါတို့က သူငယ်ချင်းတွေပဲ...
မင်းနဲ့ငါတစ်သက်လုံးအတူတူရှိသွားကြမယ်
ငါမင်းကို ချစ်တယ်လေ ချန်းယောလ်ရဲ့"ငါတို့က သူငယ်ချင်းတွေပဲ ဟျွန်းရဲ့ ဟုတ်သားပဲ။
ဒါပေမယ့် ဘယ်သူငယ်ချင်းတွေကများ
တစ်သက်လုံးအတူတူရှိသွားကြမယ်လို့ပြောဖူးသလဲ။