" Kim Jisoo... ခင်များ ဘာတွေလုပ်နေတာလဲ ဒါက "
အလုပ်က ပြန်ရောက်ရောက်ချင်း
တစ်အိမ်လုံး ရှုပ်ပွနေတဲ့ တိုင်တွေ လက်ရန်းတွေနဲ့ ဟိုထောင် ဒီထောင် တုတ်တန်းတွေကြောင့် Chaeyoung ဒေါသထွက်သွားကာ အော်လိုက်မိသည် ။
Chaeyoung အော်သံကြားတော့ Jisoo ခန္ဓာကိုယ်လေးတုန်တက်သွားပြီး မျက်လုံးပြူးပြူးလေးနဲ့ ပြန်ကြည့်နေသည် ။ အပြစ်လုပ်ထားတဲ့ ရုပ်နဲ့ ။" ဟို... ဟို... Chaeyoung ... တို့.. တို့ ပြန်ရှင်းပေးမှာပါ... မ.. မပြီးသေးလို့ပါ "
" ခင်များကို ဒါတွေ ရှုပ်နေလို့ ပြောနေတာမဟုတ်ဘူး .. ဘာလုပ်နေတာလဲလို့ မေးနေတာ... လှေကားကလည်း ဘယ်လိုဖြစ်သွားတာလဲ "
" ဟို.. Li.. LiLi က မတ်တပ်တော်တော်ရပ်နိုင်နေပြီမို့ သူ လေ့ကျင့်လို့ ရအောင်ရယ်
အိမ်ထဲ ပတ်ပြီး သွားလို့ရအောင် လက်ရန်းလေးတွေ လိုက်လုပ်ပေးထားတာပါ...။ လှေကားကလည်း LiLi အပေါ်ထပ်
အောက်ထပ် သူ့စိတ်ကြိုက်
ဆင်းတက်လို့ရအောင် စက်နဲ့ အတင်အချလုပ်တဲ့ အပြားလေး တပ်ပေးထားတာပါ..။ လှေကားမပျက်ပါဘူး.. Chaeyoung .။ တို့ Hotel တွေမှာ သုံးတဲ့ စနစ်အတိုင်း လုပ်ပေးထားတာပါ.. "Chaeyoung တစ်ယောက် Jisoo
ပြောတာတွေ နားမလည်ပေမယ့် အံ့တော့
သြသွားမိသည် ။ သူ အစက ဒါမျိုး ဘာလို့
မစဥ်းစားမိခဲ့တာပါလိမ့်... ။ Construction Company တစ်ခုရဲ့ CEO တစ်ယောက်ဖြစ်တဲ့ Jisoo က ဒီလိုတွေးမိတာတော့
မဆန်းပါဘူးဟု ပြန်တွေးကာ မျက်မှောင်ကို ပြန်ကြုံ့လိုက်သည် ။" ဘာလို့ ကျွန်မကို မပြောပဲ လုပ်တာလဲ..
ဒီအိမ်ကို ခင်များအပိုင်များ မှတ်နေတာလား ဘာလဲ ခင်များ ပြန်ရွေးပေးထားတယ်ဆိုပြီး လုပ်ချင်တာလုပ်မယ်ဆိုတဲ့ သဘောလား "" မဟုတ်.. မဟုတ်ပါဘူး Chaeyoung ရယ်.. တို့ အဲ့လိုစိတ် လုံးဝမရှိပါဘူး ။ အခုကလည်း LiLi အတွက်ပဲ တွေးပြီး လုပ်မိလိုက်တာပါ... Chae.. Chaeyoung ကို မပြောတာက လက်.. လက်မခံမှာစိုးလို့ "
" ဘာကို လက်မခံရမှာလဲ.. LiLi ကောင်းဖို့ ခင်များထက်တောင် ကျွန်မ က ပိုပြီး ဖြစ်ချင်နေတာ... အခုမှ လာမလုပ်ပြနေစမ်းပါနဲ့
Kim Jisoo ရာ.. "
DU LIEST GERADE
ACCIDENTALLY
Fanfictionအချစ်တစ်ခုဖြစ်ပေါ်ဖို့ အကြောင်းအရာအများကြီး မလိုအပ်ဘူးဆိုတာ မတော်တဆ ချစ်မိသွားတဲ့အခါမှပဲ လက်ခံတော့တယ်